ဆေးစစ်မှုအပြီး ကိုဗစ်အတွက် သီးသန့် နေထိုင်ပေးနေရချိန်မှာ တစ်ဦးတည်း လေ့ကျင့်နေခဲ့တာပါ။

ဗုဒ္ဓဟူးနေ့က စတင်ပြီး အသင်းဖော်အသစ်တွေနဲ့ လေ့ကျင့်ခန်း အတူတူ ပြုလပ်နိုင်ဖို့ မျှော်လင့်နေပြီး လာမယ့် လိဒ်နဲ့ အဖွင့်ပွဲကိုလည်း ပါဝင်နိုင်ရေး စိတ်ဓာတ် ပြင်းပြနေပါတယ်။

ယခုနှစ် ဘောလုံးရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ဆုံး ခေါ်ယူမှု လို့ ပြောနိုင်တဲ့ ရီးရဲနောက်ခံလူ ဗာရနီဟာ ဆေးစစ်မှု အပြီးမှာတော့ အသင်းနှင့်အတူ လေ့ကျင့်ခန်းကို စတင်နေ နိုင်ပါပြီ။



အသက် ၂၈နှစ်အရွယ် ဗာရနီဟာ အသင်းမှာ ရှိနေတဲ့ အဓိက နောက်ခံလူ မက်ဂွဲယားနှင့်အတူ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်ကို ထိန်းကျောင်းရမှာပါ။

ပြောင်းရွှေ့ကြေး ပေါင် ၄၂သန်းနဲ့ ရရှိထားတဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူဟာ လက်ရှိမှာတော့ အသင်းနှင့် အတူ လေ့ကျင့်ခန်း ဆင်းနေနိုင်ပြီ ဖြစ်တာကြောင့်လည်း လိဒ်နဲ့ စတင်မယ့် အဖွင့်ပွဲကို ပါဝင်နိုင်ဖို့ များနေပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ အသင်းဖော်အသစ်တွေနှင့်အတူ လေ့ကျင့်ခန်းကို စတင်နိုင်ဖို့ ဗာရနီက မျှော်လင့်နေပြီး အင်္ဂါ နေ့မှာတော့ တစ်ဦးတည်း လေ့ကျင့်ခဲ့တာပါ။

အကြောင်းကတော့ ဗာရနီအနေနဲ့ အသင်းသစ်နဲ့ ပူးပေါင်းနိုင်ရေး ကိုဗစ် စစ်ဆေးကာ သီးသန့် နေထိုင်နေရချိန်မှာ လေ့ကျင့်ခန်း ဆင်းနေခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ယခုနှစ်မှာ အဓိက ကစားသမားခေါ်ယူမှုအဖြစ် ရီးရဲအသင်းမှ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရနီအပြင် ဒေ့ါမွန်အသင်းမှ အင်္ဂလန်ကြယ်ပွင့် တိုက်စစ်မှူး ဆန်ချိုတို့ကို ခေါ်ယူ ထားနိုင်ပါတယ်။



က္က