ဆုဖလားတွေပါ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ဒူးဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပြီး ခြေစွမ်းမပြနိုင်ခဲ့တဲ့ မာရှယ်ဟာ ပြင်သစ်လက်ရွေးစင်အသင်းကနေလည်း ချန်လှပ်ခံခဲ့ရပါတယ်။


လာမယ့်ဘောလုံးရာသီမှာ ကြံ့ခိုင်မှုအပြည့်အဝ၊ ခြေစွမ်းပိုင်းကောင်းမွန်မှုနဲ့အတူ ကစားသွားဖို့ ကြိုးစားနေကြောင်း ယူနိုက်တက်တိုက်စစ်မှူးအန်သိုနီမာရှယ်က ပြောဆိုသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ သူ့ရဲ့အကောင်းဆုံးပုံစံကို မြင်တွေ့ရမယ်လို့ မာရှယ်က ကတိပေးခဲ့ပြီး ပြိုင်ဘက်ခံစစ်မှူးတွေကိုလည်း သတိပေးမှုတွေပြုလုပ်သွားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ ဒူးဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပြီး ခြေစွမ်းမပြနိုင်ခဲ့တဲ့ မာရှယ်ဟာ ပြင်သစ်လက်ရွေးစင်အသင်းကနေလည်း ချန်လှပ်ခံခဲ့ရပါတယ်။ အသင်းပရိသတ်တွေ ကိုယ်တိုင်က မာရှယ်ရဲ့ ခြေစွမ်း၊ အမူအကျင့်တွေအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီး ကစားသမားဟာ ဒီရာသီမှာပဲ အသင်းကနေ ထွက်ခွာသွားရနိုင်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဆက်လက်ရှိနေခဲ့တာဖြစ်ပါတယ်။ 

"၅ လလောက်ကြာအပြိးမှာ ကျွန်တော်အများကြီးပိုကောင်းလာတယ်လို့ ခံစားရပါတယ်၊ အသင်းနဲ့ ပြန်ပူးပေါင်းပြီး လေ့ကျင့်ခန်းလည်း ပြန်ဆင်းနိုင်ခဲ့ပါတယ်၊ အများကြီးတိုးတက်လာတယ်လို့လည်း ခံစားရပါတယ်၊ ကျွန်တော့်ရဲ့ အကောင်းဆုံးကြံ့ခိုင်မှုကို ရဖို့တော့ ရက်သတ္တပတ်အနည်းငယ်လိုအပ်နေပါသေးတယ်၊ လေ့ကျင့်ခန်းပြန်ဆင်းနိုင်တာကိုတောင်မှ ကျွန်တော်တော်တော်လေးပျော်ရွှင်ရပါတယ်"

"အဲဗာတန်နဲ့ပွဲကို ပြန်ကစားနိုင်ဖို့ တကယ်ပျော်ခဲ့ရပါတယ်၊ အကြာကြီးမကစားရဘဲ ပြန်ကစားနိုင်ခဲ့တာလေ၊ အကောင်းဆုံးပုံစံပြန်ရအောင် ကျွန်တော်ကြိုးစားနေပါတယ်၊ ကြ့ံခိုင်မှုလည်း အမြန်ဆုံးပြန်ကောင်းလာမယ်လို့ မျှော်လင့်ထားပြီး ဒဏ်ရာပြသနာတွေကိုလည်း ရှောင်ရှားနိုင်ဖို့ အားထုတ်သွားမှာပါ၊ အသင့်ဖြစ်နေပြီး ကြံ့ခိုင်မှုအပြည့်နဲ့ ကောင်းမွန်တဲ့ရာသီတစ်ခု ပိုင်ဆိုင်ဖို့နဲ့ ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ပါ မျှော်လင့်ထားပါတယ်" လို့ မာရှယ်က ပြောဆိုသွားခဲ့ပါတယ်။ 



က္က