လူကာကူကို ယူနိုက်တက်နဲ့ မသင့်တော်ဘူးလို့ ပြောခဲ့ပါတယ်။

လူကာကူဟာ ယူနိုက်တက်မှာလည်း ကစားခဲ့ပေမယ့်လည်း အသင်းနဲ့အံဝင်မှုမရှိခဲ့ဘူးလို့ နဗီးလ်က ပြောဆိုခဲ့ပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူးကို ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ဆိုလည်း ဘယ်တော့မှခေါ်ယူမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ 


ဘောလုံးပွဲဝေဖန်သုံးသပ်သူတစ်ဦးအဖြစ် လုပ်ကိုင်နေတဲ့ ယူနိုက်တက်နောက်ခံလူဟောင်းဂယ်ရီနဗီးလ်က ဘောလုံးမရှိချိန်မှာ အသက် ၃၄ နှစ်အရွယ် ကာဗာနီက ချယ်လ်ဆီးတိုက်စစ်မှူးသစ်လူကာကူထက် ပိုမိုကောင်းမွန်တယ်လို့ ပြောဆိုလိုက်ပါတယ်။ လူကာကူဟာ ချယ်လ်ဆိးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ်နဲ့ မနေ့ကမှ အပြီးသတ်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

လူကာကူအတွက် ချယ်လ်ဆီးက ပေါင် ၉၈ သန်းအထိ အသုံးပြုခဲ့ရတာဖြစ်ပြီး ဒီအပြောင်းအရွှေ့အပေါ်မှာ နဗီးလ်က သုံးသပ်ခဲ့တာလည်းဖြစ်ပါတယ်။ လူကာကူဟာ ယူနိုက်တက်မှာလည်း ကစားခဲ့ပေမယ့်လည်း အသင်းနဲ့အံဝင်မှုမရှိခဲ့ဘူးလို့ နဗီးလ်က ပြောဆိုခဲ့ပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူးကို ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ဆိုလည်း ဘယ်တော့မှခေါ်ယူမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ 

အင်တာအတွက် ၉၅ ပွဲမှာ ၆၄ ဂိုးအထိ သွင်းပေးခဲ့တဲ့ လူကာကူနဲ့ပတ်သက်ပြီး နဗီးလ်က "ကလော့ပ်က နောက်နှစ်သန်းပေါင်းများစွာကြာရင်တောင် လူကာကူကို ခေါ်မှာမဟုတ်ဘူး၊ ဂွာဒီယိုလာလည်း ခေါ်မှာမဟုတ်ဘူး၊ ဒါပေမယ့်လည်း ချယ်လ်ဆီးက ဒီလိုတိုက်စစ်မှူးကို လိုအပ်နေပုံပါပဲ၊ ဒီယေဂိုကော်စတာ၊ ဒရော့ဘာတို့က အထောင်တိုက်စစ်မှူးတွေဖြစ်ပြီး ချယ်လ်ဆီးနဲ့လည်း အဆင်ပြေခဲ့ပါတယ်"

"လူကာကူက အိုးထရက်ဖို့ဒ်နဲ့လည်း မသင့်တော်ခဲ့ဘူး၊ ကာဗာနီကတော့ သင့်တော်ပါတယ်၊ သူ့ရဲ့အကောင်းဆုံးအချိန်တွေကို ကျော်လွန်သွားပြီဆိုတာကို ကျွန်တော်သိပေမယ့်လည်း သူက လူကာကူထက် ပိုပြီးတော့ကြိုးစားတယ်၊ ဘောလုံးမရှိချိန်မှာဆိုလည်း ပိုတောင်ကောင်းသေးတယ်၊ လူကာကူထက် ပိုကောင်းတယ်လို့ ကျွန်တော်မပြောဘူးနော်၊ သူက ချယ်လ်ဆီးအတွက် ၂၅ ဂိုးသွင်းနိုင်ပါလိမ့်မယ်၊ ဒါပေမယ့် ယူနိုက်တက်နဲ့မသင့်တော်ဘူး၊ လီဗာပူးလ်နဲ့လည်း မလိုက်ဖက်ဘူး" လို့ ပြောဆိုခဲ့ကြောင်း Football London က ဖော်ပြခဲ့ပါတယ်။ 



က္က