ယနေ့ည(စနေနံနက် ၁နာရီခွဲ)မှာ ကစားမှာပါ။

တစ်ဦးက အဖျားဝေဒနာ ခံစားနေရပြီး တစ်ဦးကတော့ ဒဏ်ရာပြဿနာ အနည်းငယ် ရှိနေတာကြောင့်လို့ သိရ ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၂၁-၂၂ ဘောလုံးရာသီရဲ့ လိဂ် အဖွင့်ပွဲအဖြစ် ဘရန့်ဖို့ဒ်အသင်းနဲ့ ယနေ့ည မြန်မာစံတော်ချိန် ၁၄ရက်နေ့ နံနက် ၁နာရီခွဲမှာ စတင်ကစားရပါမယ်။



အဖွင့်ပွဲ ဖြစ်ပေမယ့်လည်း အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အကောင်းဆုံး လူစာရင်းကို မရရှိသေးပဲ အဓိက တိုက်စစ်မှူး နှစ်ဦးကို လက်လွှတ်ထားရပါတယ်။

အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းဟာ အဖျားဝေဒနာကြောင့် အသင်းကြီးရဲ့ လေ့ကျင့်ခန်းကို ပူးပေါင်းနိုင်ခြင်း အလျဥ်း မရှိသေးသလို အခြား တိုက်စစ်မှူး ဖြစ်တဲ့ လာကာဇက်တီဟာလည်း အဖွင့်ပွဲကို လွဲချော်ဖို့ ရှိနေပါတယ်။

တိုက်စစ်မှူး အူဘာမီယန်းဟာ မနှစ်က ဘောလုံးရသီတုန်းကလည်း နိုင်ငံအသင်းအတွက် တာဝန်ပြန်လည် ထမ်းဆောင်ချိန်မှာာ အဖျား ကူစက်ခံခဲ့ရပြီး ကလပ်အသင်းထံ ပြန်ရောက်လာခဲ့ဖူးပါတယ်။

အူဘာမီယန်းဟာ အာဆင်နယ်အသင်းအတွက် နောက်ဆုံး ၁၁ပွဲမှာ တစ်ဂိုးသာ သွင်းယူပေးထားနိုင်ပြီး ယခုနှစ် ရာသီအကြို ခြေစမ်းပွဲတွေမှာလည်း ဂိုးပေါက် ရှာမတွေ့သေးပါဘူး။

အခြား တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ လာကာဇက်တီဟာလည်း သူ့ရဲ့ ကိုယ်ပိုင်အနာဂတ်နဲ့ ပတ်သက်ပြီး အာဆင် နယ်နဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေသူ ဖြစ်ပြီး လက်ရှိမှာလည်း ဒဏ်ရာကြောင့် အက်ဒီအန်ကက်တီယာ နည်းတူ အ ဖွင့်ပွဲကို လွဲချော်ပါမယ်။

နည်းပြ အာတီတာအတွက်တော့ အဖွင့်ပွဲမှာ ကစားသမား အကန့်အသတ်နဲ့ ပွဲထွက်လာရဖို့ ရှိနေပြီး လက်ရှိမှာ တော့ လူငယ် ကစားသမားတွေ ဖြစ်ကြတဲ့ ဖိုလိုရင်ဘိုလိုဂန်အနေနဲ့ ပထမဆုံး စီနိယာ ပွဲထွက်ခွင့် ရလာနိုင် သလို၊ ပေပေနဲ့စမစ်ရိုဝီတို့ကလည်း ပွဲထွက်လာနိုင်ပါတယ်။



က္က