တန်းတက်ဘရန့်ဖို့ဒ်ကို အရေးနိမ့်ခဲ့တာပါ။

အာဆင်နယ်က ကစားကွက်အသာစီးရခဲ့ပေမယ့်လည်း ဂိုးရဖို့အထိတော့ မစွမ်းဆောင်နိုင်ခဲ့ဘဲ ဘရန်ဖို့ဒ်ရဲ့ အမှတ်မထင်သွင်းဂိုးတွေကိုသာ ခွင့်ပြုခဲ့ရပါတယ်။


အာဆင်နယ်ကတော့ သူတို့ရဲ့ထုံးစံအတိုင်း ရာသီအစမှာဆို ရလဒ်တွေမကောင်းလေ့ရှိတဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ တန်းတက်ဘရန်ဖို့ဒ်ကို ၂-၀ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး အာတီတာအတွက် မျက်နှာပျက်စရာဖြစ်ခဲ့ရကာ အသင်းပရိသတ်တွေကို တော်တော်လေးစိတ်ပျက်လက်ပျက်ဖြစ်သွားစေခဲ့ပါတယ်။

လာကာဇက်နဲ့ အူဘာမီယန်တို့မပါဝင်နိုင်ခဲ့တဲ့ အာဆင်နယ်ဟာ ကစားသမားသစ်ပေါင်သန်း ၅၀ တန် ဘန်ဝှိုက်ကိုထည့်သွင်းခဲ့ပြီး ပီပီ၊ စမစ်ရိုး၊ မာတင်နယ်လီတို့ကို ပွဲထွက်စေခဲ့ပါတယ်။ လူငယ်ကစားသမားတချို့လည်း ပါဝင်ခဲ့ပြီး အာဆင်နယ်က ကစားကွက်အသာစီးရခဲ့ပေမယ့်လည်း ဂိုးရဖို့အထိတော့ မစွမ်းဆောင်နိုင်ခဲ့ဘဲ ဘရန်ဖို့ဒ်ရဲ့ အမှတ်မထင်သွင်းဂိုးတွေကိုသာ ခွင့်ပြုခဲ့ရပါတယ်။

အာတီတာက အပြောင်းအလဲတွေလုပ်ခဲ့ပေမယ့်လည်း တိုးတက်မှုမရှိခဲ့လို့ ချေပဂိုးနဲ့ အာဆင်နယ်တို့ အလှမ်းဝေးခဲ့ရပါတယ်။ ဘရန်ဖို့ဒ်ဘက်က တိုနေးရဲ့ တိုးအား၊ ရုန်းအားကို အာဆင်နယ်ခံစစ်ပိုင်း တော်တော်လေးသတိထားခဲ့ရပြီး ဘန်ဝှိုက်ကလည်း အမြင့်ဘောတွေကာကွယ်ရာမှာ တော်တော်အားနည်းခဲ့ကာ ဒုတိယမြောက်ဂိုးကလည်း မြေထောက်ပြီး ပြန်တက်ခဲ့တဲ့ ဘောလုံးကို သူမဟန့်တားနိုင်ဘဲ လိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့ရာကနေ ပေးခဲ့ရတာဖြစ်ပါတယ်။ 

ဘရန်ဖို့ဒ်အတွက် ၂၃ မိနစ်မှာ ကာနော့စ်၊ ၇၆ မိနစ်မှာ နော်ဂတ်တို့က သွင်းယူခဲ့ကြတာဖြစ်ပါတယ်။ အာဆင်နယ်ကတော့ သိက္ခာဆယ်ချေပဂိုးလေးတစ်ဂိုးတောင် မရခဲ့ဘဲ ရမှတ်ဗလာ၊ သွင်းဂိုးဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ အသင်းရလဒ်အတွက် အာတီတာက ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့ရပြီး တိုက်စစ်မှူးနှစ်ဦးလည်း နောက်ပွဲမှာ ပါဝင်နိုင်မှာလားဆိုတာ သူမသိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။ 




က္က