ပွဲအပြီးမှာ ငိုကြွေးနေခဲ့တာပါ။

နှစ်ပေါင်း ၇၄ နှစ်အတွင်း ဘရန်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံးနိုင်ပွဲကို ရရှိခဲ့တာဖြစ်ပြီး တန်းတက်အသင်းတစ်သင်းအနေနဲ့ အသင်းကြီးအာဆင်နယ်ကို အနိုင်ရခဲ့လို့ ပိုပြီးဂုဏ်ယူစရာဖြစ်ခဲ့ရပါတယ်။ 


ဘရန်ဖို့ဒ်က အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အပြီးမှာတော့ ဘရန်ဖို့ဒ်ပရိသတ်အဖိုးအိုတစ်ဦးဟာ အသင်းနိုင်ပွဲအတွက် ဝမ်းသာလွန်းလို့ မျက်ရည်တွေစီးကျတဲ့အထိ ငိုကြွေးခဲ့ရပါတယ်။ နှစ်ပေါင်း ၇၄ နှစ်အတွင်း ဘရန်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံးနိုင်ပွဲကို ရရှိခဲ့တာဖြစ်ပြီး တန်းတက်အသင်းတစ်သင်းအနေနဲ့ အသင်းကြီးအာဆင်နယ်ကို အနိုင်ရခဲ့လို့ ပိုပြီးဂုဏ်ယူစရာဖြစ်ခဲ့ရပါတယ်။ 

ဘရန်ဖို့ဒ်ဟာ ၁၉၄၆-၄၇ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ နောက်ဆုံးအကြိမ်ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်လို့ နာမည်မပြောင်းခင်ကာလဖြစ်ပြီး နာမည်ပြောင်းပြီးမှ ပထမဆုံးအကြိမ်ကစားခွင့်နဲ့ ပထမဆုံးနိုင်ပွဲကို ရရှိခဲ့တာလို့လည်း ပြောနိုင်ပါတယ်။ ဒီအတွက်ကြောင့် အသင်းကို တစိုက်မတ်မတ်အားပေးခဲ့တဲ့ ပရိသတ်တွေအတွက်တော့ အခုလိုအောင်ပွဲကို မြင်တွေ့ရတာဟာ ဘယ်လောက်ထိလေးနက်သလဲဆိုတာကို တွေးကြည့်ရုံနဲ့ သိနိုင်မှာဖြစ်ပါတယ်။ 



ပရိသတ်တွေအတွက်လည်း မျှော်လင့်မထားတဲ့ ရလဒ်တစ်ခုဖြစ်ပြီး ပရီးမီးယားလိဂ်ကတော့ ရာသီအဖွင့်မှာပဲ ကမောက်ကမရလဒ်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ဆာဂျီယိုကာနော့စ် နဲ့ ခရစ္စတီယန်နော်ဂတ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဘရန်ဖို့ဒ်တို့ အနိုင်ရရှိခဲ့ပြီး ပွဲအပြီးမှာတော့ အဖိုးအိုရဲ့ ငိုကြွေးနေမှုကို ရုပ်သံကင်မရာတွေကလည်း အမိအရရိုက်ယူနိုင်ခဲ့ကာ တွေ့မြင်ခဲ့သူအားလုံးကိုလည်း ကရုဏာသက်စေခဲ့ပါတယ်။ 

လူငယ်ပရိသတ်တွေနဲ့အတူ အသင်းကိုဂုဏ်ပြုအော်ဟစ်အားပေးနေရင်းနဲ့ မျက်ရည်တွေကျနေခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါမြင်ကွင်းဗီဒီယိုကလစ်ကတော့ တွစ်တာပေါ်မှာ တော်တော်လေးပြန့်နှံ့နေပြီး ကြည့်ရှုသူပေါင်းဟာ သန်းနဲ့ချီအထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။ အသင်းကို ကာလရှည်အားပေးခဲ့တဲ့ ပရိသတ်တစ်ဦးအတွက်တော့ ဘယ်လိုမှမေ့မရတဲ့ပွဲတစ်ပွဲ၊ မျက်ရည်မထိန်းနိုင်လောက်အောင် ခံစားခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်လာခဲ့ပါတယ်။ 



က္က