မန်စီးတီးလူဝယ်တဲ့အပေါ် ကလော့ပ်က စောင်းပါးရိပ်ခြည်ဝေဖန်ခဲ့တာပါ။

လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်ရဲ့ ဝေဖန်မှုတွေအပေါ် ဂွာဒီယိုလာက တုံ့ပြန်လိုက်တာဖြစ်ပြီး သူတို့နှစ်ဦးကြား မကျေလည်မှုတွေက ပိုမိုမြင့်တက်လို့လာခဲ့ပါတယ်။ 


မန်စီးတီးအနေနဲ့ ဘဏ္ဍာရေးမျှတစွာကစားရေးစည်းမျဉ်းကို ချိုးဖောက်တယ်လို့ ယုံကြည်နေကြတယ်ဆိုရင် ကြိုက်တဲ့တရားရုံးကို သွားတိုင်လို့ရတယ်လို့ နည်းပြဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်ရဲ့ ဝေဖန်မှုတွေအပေါ် ဂွာဒီယိုလာက တုံ့ပြန်လိုက်တာဖြစ်ပြီး သူတို့နှစ်ဦးကြား မကျေလည်မှုတွေက ပိုမိုမြင့်တက်လို့လာခဲ့ပါတယ်။ 

ဒီရာသီမှာ မန်စီးတီးက ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဗီလာကွင်းလယ်လူဂရီလစ်ရှ်ကို ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာအားကစားခုံရုံးက မန်စီးတီးကို FFP စည်းမျဉ်းချိုးဖောက်မှုကြောင့် ဥရောပပြိုင်ပွဲတွေကနေ ၂ နှစ်ပိတ်ပင်ခဲ့ဖူးပြီး နောက်တော့မှ ပြန်လည်ပယ်ဖျက်ပေးခဲ့မှုကလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် စပိန်သားနည်းပြကတော့ သူတို့ဟာ ဆန်ချိုအပြောင်းအရွှေ့ကနေ ပေါင် ၁၁သန်းရခဲ့ပြီး စုစုပေါင်းကစားသမားရောင်းချမှုကနေ ပေါင်သန်း ၆၀ အထိ ရခဲ့လို့ ဝယ်ယူနိုင်ခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။ 

"FFP ကြောင့် ကျွန်တော်တို့မှာ အကန့်အသတ်တွေရှိပါတယ်၊ တချို့အသင်းပိုင်ရှင်တွေကတော့ အမြတ်လိုချင်ပါတယ်၊ ကျွန်တော်တို့အသင်းပိုင်ရှင်တွေကလည်း ငွေကြေးဆုံးရှုံးမှာမျိုးကိုတော့ မနှစ်သက်ဘူး၊ ဒါပေမယ့် သူတို့က သုံးစွဲဖို့ လက်မတွန့်ဘူး၊ ဒီအတွက် ပြန်ပြီးသုံးစွဲလိုက်တယ်၊ ပြီးခဲ့တဲ့ကာလတွေမှာ ယူနိုက်တက်က ဆုဖလားအများအပြားရရှိခဲ့တယ်၊ ဘာလို့လဲဆိုရင် သူတို့က အခြားအသင်းတွေထက် ငွေပိုသုံးခဲ့တာကြောင့်ပါပဲ၊ ဒါကို မှတ်မိကြသေးလား၊ သူတို့က မန်စီးတီးထက် ငွေပိုသုံးတယ်၊ ကျွန်တော်တို့မှ မသုံးနိုင်ခဲ့တာ"


"အရင်ကတော့ ဒီလိုမျိုးကို အသင်းတစ်သင်း ဒါမှမဟုတ် နှစ်သင်းလောက်ပဲတတ်နိုင်တယ်၊ အဲဒီနောက် ချယ်လ်ဆီးက အေဘရာမိုဗစ်နဲ့အတူ၊ ကျွန်တော်တို့က ရှိတ်မန်ဆာနဲ့အတူ ရောက်လာခဲ့ကြပါတယ်၊ သူတို့က ဘောလုံးလောကမှာရငး်နှီးချင်တယ်၊ အဲဒါက ဘာပြသနာရှိနေလို့လဲ၊ တကယ်လို့ ကျွန်တော်တို့သာမှားနေတယ်ဆိုရင် သက်သေပြလေ၊ ကြိုက်တဲ့တရားရုံးကို သွားလိုက်လို့ရတယ်" လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။ 

မန်စီးတီးကတော့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ငွေကြေးသုံးစွဲမှုအများဆုံးအသင်းအဖြစ် ရှိနေခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာတင်မဟုတ်ဘဲ ဥရောပတဝှမ်းလုံးမှာဖြစ်ကာ ပေါင် ၁.၄ ဘီလျံအထိ ရှိနေခဲ့တာပါ။ 



က္က