တလုံးတည်းသောဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။

ဟယ်ရီကိန်းကို ဘာလို့ခေါ်ယူချင်တာလဲဆိုတာကို ဂွာဒီယိုလာက အသင်းပိုင်ရှင်တွေကို ပြသသွားသလိုတောင်ရှိနေခဲ့ကာ တိုက်စစ်မှူးတစ်ဦး အမြန်ဆုံးဝယ်ပေးဖို့ကို ရှုံးပွဲနဲ့ ရင်းနှီးပြီး ပြောဆိုသွားခဲ့သလားထင်မှတ်ခဲ့ရပါတယ်။ 


ပရီးမီးယားလိဂ်လက်ရှိချန်ပီယံမန်စီးတီးကတေ့ာ အဖွင့်ပွဲမှာပဲ စပါးကို အရေးနိမ့်သွားခဲ့ပါတယ်။ ဆွန်ဟောင်မင်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကို ပြန်လည်မချေပနိုင်ခဲ့ဘဲ အရှုံံးပေးခဲ့ရပြီး ဟယ်ရီကိန်းကို ဘာလို့ခေါ်ယူချင်တာလဲဆိုတာကို ဂွာဒီယိုလာက အသင်းပိုင်ရှင်တွေကို ပြသသွားသလိုတောင်ရှိနေခဲ့ကာ တိုက်စစ်မှူးတစ်ဦး အမြန်ဆုံးဝယ်ပေးဖို့ကို ရှုံးပွဲနဲ့ ရင်းနှီးပြီး ပြောဆိုသွားခဲ့သလားထင်မှတ်ခဲ့ရပါတယ်။ 

စပါးအသင်းလူစာရင်းမှာတော့ ဟယ်ရီကိန်းပါဝင်လာခဲ့ခြင်းမရှိဘဲ ဆွန်ဟောင်မင်က ဦးဆောင်လာခဲ့တာဖြစ်ပါတယ်။ မန်စီးတီးက ပွဲအစောပိုင်းမှာ ခပ်သွက်သွက်နဲ့ ဦးဆောင်ကစားခဲ့ပြီး ဂိုးရနိုင်တဲ့ အခွင့်အရေးတွေရှိခဲ့ပေမယ့် ဖာနန်ဒင်ဟိုနဲ့ တောရက်စ်တို့ အသုံးမချနိုင်ခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးပေါက်ကန်သွင်းချက်၊ ဂိုးပေါက်တည့်မှုတွေမှာလည်း မန်စီးတီးအသာရခဲ့ပေမယ့် အရေးကြီးတဲ့ သွင်းဂိုးကိုတော့ စပါးကသာ ရရှိသွားခဲ့ပါတယ်။ 

ဒုတိယပိုင်း ၅၅ မိနစ်မှာ ဆွန်ဟောင်မင်က တစ်လုံးတည်းသော အနိုင်ဂိုးကို ဘာဝိန်းရဲ့ ဖန်တီးပေးမှုကနေ သွင်းယူသွားခဲ့ပါတယ်။ တိုက်စစ်မှူးစစ်စစ်တစ်ဦးမှ မပါဝင်ခဲ့တဲ့ မန်စီးတီးအတွက် ဒီဘရိုင်း၊ ဂျီးဆပ်တို့ လူစားဝင်လာပြီး ကယ်တင်ပေးဖို့ အားထုတ်ခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ စပါးက အနိုင်ဂိုးကို ထိန်းကစားသွားခဲ့ကာ ရာသီဖွင့်ပွဲမှာ ခက်ခဲတဲ့ပြိုင်ဘက်ကို ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။ 

ပေါင်သန်း ၁၀၀ တန် ဂရီလစ်ရှ်ပါဝင်ကစားပေးခဲ့ပြီး သူ့ရဲ့ကစားဟန်အတိုင်း စပါးခံစစ်ကို ဖရိုဖရဲဖြစ်အောင်တော့ လုပ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းအနိုင်ရဖို့အထိတော့ မစွမ်းသာနိုုင်ဘဲရှိခဲ့ကာ ဂွာဒီယိုလာတစ်ယောက် ဒီရလဒ်ကြောင့် ရင်ပူနေရမှာသေချာပါတယ်။ ကွန်မြူနတီဒိုင်းပွဲမှာလည်း လက်စတာကို တစ်လုံးတည်းနဲ့ အရေးနိမ့်ခဲ့ပြီး ရာသီဖွင့်ပွဲမှာပါ အဆိုပါရလဒ်အတိုင်း ထပ်မံရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ 



က္က