ရာသီသစ်အတွက် ပထမဆုံးအကြိမ် ပူးပေါင်းလာမှာပါ။

စပါးကတော့ ရာသီအဖွင့်ပွဲအဖြစ် မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆွန်ဟောင်မင်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ကာ အဆိုပါပွဲလူစာရင်းမှာတော့ ကိန်း မပါဝင်ခဲ့တာဖြစ်ပါတယ်။ 


စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်တော့မယ်လို့ Goal.com က အတည်ပြုဖော်ပြလိုက်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ နည်းပြသစ်နူနိုလက်ထက်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းတောင်ဆင်းထားရသေးခြင်းမရှိသေးဘဲ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ကာ စိတ်ရှုပ်ထွေးစရာအခြေအနေတွေကို ရင်ဆိုင်နေရပြီး ရာသီအစပွဲကိုလည်း လွဲချော်ထားခဲ့ပါတယ်။

အောင်မြင်မှုတွေရယူချင်နေတဲ့ ဟယ်ရီကိန်းက အသင်းပြောင်းရွှေ့ချင်နေပြီး သူ့ကို မန်စီးတီးက အလေးအနက်ထားကြိုးပမ်းမှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကစားသမားကို စပါးကရောင်းချချင်စိတ်မရှိဘဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေကာ အသင်းနဲ့ ကိန်းကြားမှာ အဖုအထစ်တွေဖြစ်ပေါ်နေပြီး မန်စီးတီးဘက်ကလည်း စပါးအလိုရှိတဲ့ပြောင်းရွှေ့ကြေးမျိုးပေးချေကာ ခေါ်ယူဖို့ အသင့်ဖြစ်နေပါတယ်။ 


ဟယ်ရီကိန်းဟာ အင်္ဂလန်အတွက် ယူရိုပြိုင်ပွဲကစားပေးခဲ့ပြီးနောက် အားလပ်ရက်အနားယူနေခဲ့ပါတယ်။ အားလပ်ရက်ခရီးစဉ်က ပြန်ရောက်လာချိန်မှာ ကွာရန်တင်းဝင်နေခဲ့ရတယ်လို့ သိရပြီး စပါးအသင်းလေ့ကျင့်ရေးကွင်းက ဟိုတယ်မှာနေထိုင်ကာ တစ်ဦးတည်းလေ့ကျင့်မှုတွေတော့ ပြုလုပ်လျက်ရှိကြောင်းလည်း သိရပါတယ်။ စပါးကတော့ ရာသီအဖွင့်ပွဲအဖြစ် မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆွန်ဟောင်မင်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ကာ အဆိုပါပွဲလူစာရင်းမှာတော့ ကိန်း မပါဝင်ခဲ့တာဖြစ်ပါတယ်။ 

စပါးနည်းပြနူနိုကလည်း ဟယ်ရီကိန်းကို အသင်းမှာသာဆက်လက်ရှိနေစေချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ မန်စီးတီးကိုအနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ နူနိုက "ဟယ်ရီက ကျွန်တော်တို့နဲ့ လေ့ကျင့်မှုတွေပြုလုပ်နေပါတယ်၊ တနင်္ဂနွေနေ့မနက်ပိုင်းကလည်း သူ အသင်းကို ကူညီဖို့အသင့်ဖြစ်နေခဲ့ပါတယ်၊ သူ အသင်းကထွက်ခွာမယ်လို့မထင်ဘူး၊ ဒါပေမယ့်လည်း သြဂုတ်လ ၃၁ ရက်နေ့မတိုင်ခင်အထိတော့ လိုအပ်သလို ကျွန်တော်တို့ ပြင်ဆင်သွားမှာပါ၊ ဘောလုံးမှာက ဘာမှအတပ်မပြောနိုင်ပါဘူး" လို့ ကိန်းရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။ 



က္က