ဒုတိယအခွင့်အရေး ပေးထားပါတယ်။

ဗာရနီကို ခေါ်ယူလိုက်တဲ့အတွက် ဖီးလ်ဂျုံးစ်ဟာ ဗဟိုခံစစ်နေရာမှ ပုံမှန်နေရာရဖို့အတွက် ဗာရနီနှင့်အပြိုင် ပြိုင်ဆိုင်ရပါတော့မယ်။

ယခုနှစ် ဘောလုံးရာသီမှာ အသင်းရဲ့ ပထမအသင်း လူစာရင်းမှာ ပါရှိနေသေးတယ်လို့ နည်းပြ ဆိုးလ်ရှားက နောက်ခံလူ ဆိုးလ်ရှားကို သတိပေး ပြောလာပါတယ်။



ဒါဟာ ဖီးလ်ဂျုံးစ်အတွက် မျှော်လင့်ချက် ဖြစ်ပြီး အနာဂတ် ကစားသမားဘဝကို အကောင်းဆုံး ဆက်လက် ပုံဖော် ခွင့်ရရှိထားဆဲပါ။

ရီးရဲအသင်းကနေ နောက်ခံလူ ဗာရနီကို ယူနိုက်တက်အသင်း ခေါ်ယူနိုင်ခဲ့တဲ့အတွက် ဖီးလ်ဂျုံးစ်ဟာ ပုံမှန် နေရာအတွက် ပျောက်ဆုံးလုဆဲဆဲ ဖြစ်သွားပါတယ်။

ဒါကလည်း ယူနိုက်တက်မှာ ဗဟိုခံစစ်မှူးနေရာအတွက် ဗာရနီအပါအဝင်၊ဖီးလ်ဂျုံးစ်၊မက်ဂွဲယား၊လင်ဒီလော့ဖ်နဲ့ ဘိုင်လီတို့ ရှိနေခဲ့တာပါ။

ဒါကြောင့် အသစ်ခေါ်ယူလိုက်တဲ့ ဗာရနီနဲ့ မက်ဂွဲယားတို့က ဗဟိုခံစစ်ရဲ့ ပုံမှန်နေရာကို ယူလိုက်မယ်ဆိုရင် ဖီးလ် ဂျုံးစ်က ပုံမှန် နေရာ ပျောက်ဆုံးတော့မှာပါ။

ဒီလိုအခြေအနေကို ဖီးလ်ဂျုံးစ်အဖြစ်ခံမလား၊အသင်းပြောင်းမလား၊ယူနိုက်တက်မှာ တိုက်ပွဲဝင်မလားဆိုတာက လည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

နည်းပြ ဆိုးလ်ရှားကတော့ ဖီးလ်းဂျုံးစ်ကို ဒုတိယ အခွင့်အရေး ပေးလာခဲ့ပြီး နေရာမှန်အတွက် တိုက်ပွဲဝင်ဖို့ ဗာရနီ နဲ့ အပြိုင် ကြိုးပမ်းပြဖို့က ဖီးလ်ဂျုံးစ်တာဝန်သာာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အဖွင့်ပွဲမှာ ဂိုးပြတ်နိုင်ပွဲနှင့်အတူ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယပွဲစဥ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ဆက်လက် ကစားရပါမယ်။



က္က