ရလဒ်မကောင်းချိန် ကိုဗစ်ကပါ နှိပ်စက်နေပါတယ်။

အော်ဘာမီယန်ကတော့ လက်ရှိမှာ နဂ္ဂတစ်ရလဒ်ထွက်ပေါ်ခဲ့ပြီဖြစ်ကာ လာမယ့်ချယ်လ်ဆီးနဲ့ပွဲကို ပါဝင်ကစားနိုင်ဖွယ်ရှိနေပြီဖြစ်ပါတယ်။ 


အာဆင်နယ်အသင်းဟာ သူတို့ရဲ့တိုက်စစ်မှူးအော်ဘာမီယန်နဲ့ လာကာဇက်တို့ ကိုဗစ်ကူးစက်ခံခဲ့ရတယ်လို့ အတည်ပြုကာ သတင်းထုတ်ပြန်ခဲ့ပြီး နောက်ထပ်ကစားသမားနှစ်ဦးဖြစ်တဲ့ ဝီလီယံ နဲ့ ရမ်နာဆန်တို့လည်း ကူးစက်ခံထားရတယ်လို့ ပြောကြားခဲ့ပါတယ်။ အော်ဘာမီယန်ကတော့ လက်ရှိမှာ နဂ္ဂတစ်ရလဒ်ထွက်ပေါ်ခဲ့ပြီဖြစ်ကာ လာမယ့်ချယ်လ်ဆီးနဲ့ပွဲကို ပါဝင်ကစားနိုင်ဖွယ်ရှိနေပြီဖြစ်ပါတယ်။ 

ဘရန်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ ရာသီအဖွင့်ပွဲမှာ အော်ဘာမီယန် နဲ့ လာကာဇက်တို့ ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ မူလကတော့ ဖျားနာမှုကြောင့်လို့သာ ဆိုခဲ့ပါတယ်။ ဆေးစစ်မှုတွေပြုလုပ်ခဲ့ရာမှာတော့ ကိုဗစ်ကူးစက်ခံခဲ့ရတာကို တွေ့ရှိခဲ့ရပြီး နောက်ဆုံးအကြိမ်ဆေးစစ်မှုတွေမှာတော့ အော်ဘာမီယန်က ပျောက်ကင်းသွားခဲ့ပြီဖြစ်ကာ ကျန်ကစားသမားတွေကတော့ ဆက်လက်ပြိးအနားယူနေရမယ်လို့ အာဆင်နယ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

အာဆင်နယ်ကတော့ ရာသီအစမှာပဲ ရှုံးပွဲတွေ့ခဲ့ပြီး ဖိအားတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အသင်းရဲ့ ကစားသမားသစ်ခေါ်ယူမှု၊ လက်ရှိလူအင်အားနဲ့ ကစားဟန်အပေါ်မှာ ပရိသတ်တွေက စိတ်တိုင်းမကျဖြစ်နေပြီး အဓိကတိုက်စစ်မှူးနှစ်ဦးမပါဝင်နိုင်ချိန်မှာ ရုန်းကန်နေရတာကိုလည်း စိတ်ပူနေကြတယ်လို့ Goal.com ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

လာမယ့်ပွဲအဖြစ် အာဆင်နယ်ဟာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ လန်ဒန်ဒါဘီပွဲဖြစ်တဲ့အပြင် ချယ်လ်ဆီးကလည်း ခြေစွမ်းပိုင်းအရအကောင်းဆုံးဖြစ်နေလို့ အာဆင်နယ်အတွက်တော့ ခက်ခဲမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်။ အော်ဘာမီယန်ပြန်လည်ကစားနိုင်ပြီဆိုပေမယ့်လည်း ကြံ့ခိုင်မှုအနေအထားကို စောင့်ကြည့်ရဦးမှာဖြစ်ကာ အာတီတာအတွက် ခေါင်းပူရဦးမယ့် ရက်သတ္တပတ်အဖြစ် ဆက်ရှိနေဦးမှာပါ။ 



က္က