လိဒ်နဲ့ပွဲကို အိမ်ကွင်းလား၊ အဝေးကွင်းလားတောင် မသိတော့ပါဘူး။

အဲဗာတန်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ သြဂုတ်လ ၃၁ ရက်နေ့မတိုင်ခင်မှာ အသင်းပြောင်းရွှေ့အတွက်ကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။ အန်ဆယ်လော့တီထွက်ခွာသွားပြီးနောက် နည်းပြသစ်အဖြစ် ဘင်နီတက်ဇ်ရောက်ရှိလာချိန်မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို လျစ်လျူရှုထားတာဖြစ်ပြီး ကစားသမားကိုယ်တိုင်က အဲဗာတန်မှာ ဘယ်သူတွေကစားနေမှန်း သူ မသိဘူးလို့တောင် ပြောဆိုလိုက်ပြီဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ကိုလံဘီယာကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီကမှ အဲဗာတန်ကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ အန်ဆယ်လော့တီနဲ့ တတိယအကြိမ်မြောက် ပြန်လည်လက်တွဲခဲ့ရာမှာတော့ ဂျိမ်းစ်က ပြိုင်ပွဲစုံ ၂၆ ပွဲမှာ ၆ ဂိုးသွင်းယူကာ ၈ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုအခါမှာတော့ ဂျိမ်းစ်ဟာ ပုံမှန်နေရာရရှိဖို့တောင်မှ မလွယ်ကူတဲ့အနေအထားဖြစ်နေပြီး အသင်းသစ်ရှာဖွေဖို့သာ ရှိနေတော့တာဖြစ်ပါတယ်။ 

Twich Channel နဲ့ တွေ့ဆုံခဲ့မှုမှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က "တနလာင်္နေ့က ကျွန်တော် လေ့ကျင့်ခန်းစဆင်းတယ်ထင်တယ်၊ ပြီးခဲ့တဲ့တစ်ပတ်မှာ ကျွန်တော်ကစားခွင့်မရခဲ့ပါဘူး၊ အဲဗာတန်မှာ ဘယ်သူတွေကစားနေကြလဲဆိုတာ ကျွန်တော်တောင်မှမသိဘူးဖြစ်နေတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပေးနိုင်မလား၊ ခုလာမယ့်ပွဲက အဝေးကွင်းပွဲထင်တယ်၊ ဘာလို့လဲဆိုတော့ နောက်ဆုံးပွဲက အိမ်ကွင်းမှာကစားခဲ့တာလေ၊ အားး ဟုတ်ပြီ၊ လိဒ်နဲ့ သူတို့ကစားရမှာဗျ"

"အဝေးကွင်းပဲ၊ မာဆယ်လိုဘီယဲလ်ဆာရဲ့အသင်းနဲ့ ကစားရမှာ၊ ခက်ခဲ့မယ့်ပွဲတစ်ပွဲပါပဲ၊ ဘာတွေဖြစ်လာမလဲကြည့်ရတာပေါ့၊ အနိုင်ရဖို့တော့ မျှော်လင့်ပါတယ်" လို့ ဂျိမ်းစ်က ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ပြောဆိုမှုကို ကြည့်မယ်ဆိုရင်တော့ ဂျိမ်းစ်ကိုယ်တိုင်လည်း သူ့ရဲ့အနေအထားကိုစိတ်ပျက်နေပြီး လာမယ့်ပွဲကို အိမ်ကွင်းကန်ရမှာလား၊ အဝေးကွင်းကန်ရမှာလား မသိအောင်ကို ဖြစ်နေပြီး ဆိုးရွားတဲ့အနေအထားတစ်ခုဖြစ်နေတယ်လို့ ယူဆရပါတယ်။ 



က္က