ဒီနေ့ညမှာ ကစားရတော့မှာပါ။

ပွဲဦးထွက်မှာ တန်းတက်ဘရန်ဖို့ဒ်ကို အရေးနိမ့်ခဲ့တဲ့ အာဆင်နယ်ဟာ ပွဲစဉ် ၂ မှာပဲ ပွဲကျပ်ရင်ဆိုင်ရတာဖြစ်ပြီး ဥရောပချန်ပီယံအသင်းနဲ့ ကစားသွားရမှာဖြစ်ပါတယ်။ 


ဒီနေ့ညမှာ ကစားရမယ့် လန်ဒန်ဒါဘီပွဲမှာ ချယ်လ်ဆီးနဲ့ တိုက်စစ်မှူးသစ်လူကာကူကို ရပ်တန့်ဖို့ အစီအစဉ်တွေ ရေးဆွဲထားပြီးဖြစ်တယ်လို့ အာဆင်နယ်နည်းပြအာတီတာက ပြောဆိုလိုက်ပါတယ်။ ပွဲဦးထွက်မှာ တန်းတက်ဘရန်ဖို့ဒ်ကို အရေးနိမ့်ခဲ့တဲ့ အာဆင်နယ်ဟာ ပွဲစဉ် ၂ မှာပဲ ပွဲကျပ်ရင်ဆိုင်ရတာဖြစ်ပြီး ဥရောပချန်ပီယံအသင်းနဲ့ ကစားသွားရမှာဖြစ်ပါတယ်။ 

ချယ်လ်ဆီးမှာလည်း တိုက်စစ်မှူးသစ်လူကာကူ ပါဝင်ကစားဖွယ်ရှိတယ်လို့ သိရပြီး အာဆင်နယ်အတွက် ဒါက ခြိမ်းခြောက်မှုတစ်ခုအဖြစ်ရှိနေပါတယ်။ ချယ်လ်ဆီးက ပွဲဦးထွက်မှာ ပဲေ့လစ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိထားခဲ့ပြီး ဒီပွဲကိုလည်း သူတို့သာအနိုင်ရမယ်လို့ အားလုံးက ယူဆထားပေမယ့် အာတီတာကတော့ အနိုင်ယူဖို့အတွက် ပြင်ဆင်ထားတယ်လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 

"လူကာကူ ဝင်ကစားမှာလားဆိုတာတော့ ကျွန်တော်လည်းမသိဘူး၊ ဒါပေမယ့် ကျွန်တော်တို့ ချယ်လ်ဆီးကို ရပ်တန့်ပစ်ဖို့ အစီအစဉ်တစ်ခုတော့ရှိထားပါတယ်၊ ပြီးတော့ အနိုင်ရဖို့အတွက် ဘာလုပ်ရမလဲဆိုတာကိုလည်း ကျွန်တော်တို့ ပြင်ဆင်ထားပြီးသားပါ၊ ကောင်းပြီ၊ ပြီးခဲ့တဲ့နှစ်တွေတုန်းက ချယ်လ်ဆီးနဲ့ ရင်ဆိုင်တုန်းကလိုမျိုး လုပ်ပြနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်"

"သူတို့က ထိပ်တန်းအသင်းဖြစ်ပြီး ကမ္ဘာ့အဆင့်ကစာသမားတွေ၊ နည်းပြကောင်း၊ ဥရောပချန်ပီယံအသင်းပါ၊ တကယ့်ကို ယှဉ်ပြိုင်ရမယ့်ပွဲကောင်းတစ်ပွဲကို မျှော်လင့်ထားပါတယ်၊ ဒါက အသင်းအတွက် ကျွန်တော်မျှော်လင့်ထားတဲ့အရာပါ၊ ပရိသတ်တွေကလည်း အသင်းပွဲစဉ်တွေကို မကြည့်ရတာ ကြာပြီဖြစ်လို့ ပွဲစကတည်းက အားပေးနေပါလိမ့်မယ်၊ အနိုင်ရဖို့အတွက်ပဲ ကျွန်တော်တို့ ဒီပွဲကို ကစားသွားမှာပါ" လို့ အာတီတာက ပြောဆိုသွားခဲ့ပါတယ်။ 



က္က