ပွဲဥိးထွက်မှာပဲ ဂိုးသွင်းနိုင်ခဲ့တာပါ။

အသက် ၂၈ နှစ်အရွယ် လူကာကူဟာ အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာပြီး ပထမဆုံးကစားပေးခဲ့တဲ့ပွဲမှာပဲ ၁၅ မိနစ်အကြာ အနိုင်ဂိုးကို ရယူနိုင်ခဲ့ကာ ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။


အာဆင်နယ်နဲ့ပွဲမှာ ချယ်လ်ဆိးအတွက် ပွဲဦးထွက်ပါဝင်ကစားခဲ့ပြီး အနိုင်ဂိုးတစ်ဂိုးပါ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးလူကာကူက သူ့ဘဝရဲ့ အကောင်းဆုံးသွင်းဂိုးတစ်ဂိုးကို ရရှိခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အသက် ၂၈ နှစ်အရွယ် လူကာကူဟာ အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာပြီး ပထမဆုံးကစားပေးခဲ့တဲ့ပွဲမှာပဲ ၁၅ မိနစ်အကြာ အနိုင်ဂိုးကို ရယူနိုင်ခဲ့ကာ ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။

ရီဆီဂျိမ်းစ်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ လူကာကူက ပြေးဝင်ပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါသွင်းဂိုးအတွက် ချယ်လ်ဆီးရဲ့ အကွက်ဆင်ခဲ့မှုမှာ လူကာကူကိုယ်တိုင်လည်း ပါဝင်ပတ်သက်ခဲ့ပြီး အာဆင်နယ်ခံစစ်မှူးတွေကြားထဲ ပြေးဝင်သွားခဲ့ကာ ဂိုးသွင်းဖို့အသင့်အနေအထားမှာရှိနေခဲ့ပါတယ်။ သူ့ရဲ့ခြေစွမ်းဟာ အာဆင်နယ်နောက်ခံလူတွေကို အလုပ်ရှုပ်စေခဲ့ပြီး အသင်းဖော်တွေအတွက် နေရာလွတ်တွေအများကြီးရအောင် လုပ်ပေးနိုငခဲ့ပါတယ်။ 

ပွဲအပြီး beIN Sports နဲ့ အင်တာဗျူးမှာ လူကာကူက "ကျွန်တော့်အတွက် အကောင်းဆုံးပရီးမီးယားလိဂ်သွင်းဂိုးတစ်ဂိုးဖြစ်ခဲ့ပါတယ်၊ ဒီနေ့ ဘယ်လောက်ထိ စိတ်လှုပ်ရှားဖို့ကောင်းလဲဆိုတာ ခင်ဗျားသိလား၊ အကောင်းဆုံးတွေထဲက အကောင်းဆုံးတစ်ခုပါပဲ၊ ဒါက tap-in သွင်းဂိုးတစ်ဂိုးဖြစ်တယ်ဆိုပေမယ့်လည်း ဒီအတွက် ဖန်တီးလုပ်ယူခဲ့တတွေက အရမ်းကောင်းပါတယ်၊ ဒါကြောင့်လည်း ကျွန်တော့်အတွက် အကောင်းဆုံးသွင်းဂိုးတစ်ဂိုးဖြစ်ခဲ့တာပါ"

"အသင်းဖော်တွေရဲ့ လှုပ်ရှားမှုတွေကို နားလည်ဖို့အတွက်တော့ ကျွန်တော်နည်းနည်းအချိန်ယူခဲ့ရပါတယ်၊ ငါးမိနစ်လောက်ပေါ့၊ ဒါပေမယ့် ကျွန်တော့်မှာ မေးစရာမေးခွန်းတွေတော့ အများကြီးပဲ၊ ရိုးရိုးသားသားပြောမယ်ဆို ဒီကစားသမားတွေက အရမ်းအရည်အသွေးပြည့်ဝပြီး ဆာလောင်စိတ်တွေလည်းရှိကြတယ်၊ လွယ်လွယ်လေးနဲ့ပဲ အထိုင်ကျခဲ့တာပါ၊ ဘာလို့လဲဆိုတော့ ဘယ်လ်ဂျီယံမှာလည်း ဒီလိုပုံစံနဲ့ကစားလို့ပါ၊ နည်းပြကလည်း ကောင်းကောင်ပြင်ဆင်ခဲ့ပြီး ယုံကြည်မှုနဲ့ ဒီကိုလာခဲ့တယ်၊ ပြီးတော့ ရလဒ်ကောင်းရခဲ့ပါတယ်" လို့ ဆိုပါတယ်။ 


လူကာကူကတော့ ချယ်လ်ဆီးကို ပေါင် ၉၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ အသင်းအတွက် ပထမဆုံးကစားပေးတဲ့ပွဲမှာပဲ ဂိုးသွင်းနိုင်ခဲ့ကာ အဖွင့်လှခဲ့ပြီး သူ့ကိုစောင့်ကြည့်နေသူတွေကို ပါးစပ်ပိတ်စေခဲ့ပါတယ်။



က္က