ရာသီကုန်မှာ အသင်းပြောင်းဖို့ဖြစ်နိုင်ခြေများလာခဲ့ပါပြီ။
Win Kyaw Min

စံချိန်တင်လစာငွေခံစားမှုရရှိထားတဲ့ ပေါ့ဘာအနေနဲ့ ပြီးခဲ့တဲ့အပြောင်းအရွှေ့စျေးကွက်ကာလတွေကတည်းက ယူနိုက်တက်ကို စွန့်ခွာဖို့ ပြင်ဆင်ခဲ့သူလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့အတွက် အကြိ်မ်ကြိမ်ပြင်ဆင်ခဲ့ဖူးသူ ပေါ့ဘာကို ဆက်ထိန်း ထားဖို့အတွက် မဖြစ်နိုင်တော့တဲ့အခြေအနေတစ်ရပ်ကြောင့် နည်းပြဆိုးလ်ရှားအနေနဲ့ ထွက်ခွာခွင့်ပေးဖို့ဆုံးဖြတ် ခဲ့ပြီဖြစ်တယ်လို့ dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

သတင်းဖော်ပြမှုတွေအရ ပေါ့ဘာနဲ့နည်းပြဆိုးလ်ရှားတို့အကြားသီးသန့်တွေ့ဆုံမှုများရှိနေခဲ့တယ်လို့ ဖော်ပြမှုများ ရှိနေခဲ့ပြီး ညှိနှိုင်းမှုအချို့အဆင်မပြေခဲ့တဲ့အတွက် ယူနိုက်တက်အနေနဲ့ ကစားသမားအတွက်ကမ်းလှမ်းမှုများကို စတင်လက်ခံဖို့ပြင်ဆင်နေပြီဖြစ်တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။



Dailymail အပါအဝင် အခြားသောဗြိတိန်မီဒီယာတွေရဲ့ အစောပိုင်းဖော်ပြချက်မှာတော့ ပေါ့ဘာအနေနဲ့ အပြော င်းအရွှေ့အတွက် ကိုယ်ပိုင်စိတ်ကြိုက်ဆုံးဖြတ်ခွင့်ရှိနေတယ်လို့ အခိုင်အမာဖော်ပြခဲ့ပြီး ယူနိုက်တက်အသင်းဘ က်ကတော့ ကစားသမားဖြစ်သူကို အတတ်နိုင်ဆုံးဆက်ထိန်းထားနိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ဖော်ပြမှုအ ချို့ပြုလုပ်ထားခဲ့ပါသေးတယ်။

အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သတင်းထွက်ပေါ်မှုများစွာရှိနေခဲ့ရာမှာthesunရဲ့အခိုင်အမာဖော်ပြချက်မှာတော့ ယူနိုက်တက်အနေနဲ့ ပေါ့ဘာအတွက်ကမ်းလှမ်းလာတဲ့ ပေါင်သန်း၁ဝဝတန်ကမ်းလှမ်းမှုကိုလက်ခံဆွေး နွေ းဖို့အ ထိ အသင့်ရှိနေခဲ့ပြီဖြစ်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေခဲ့တာပါ။

ယူနိုက်တက်နဲ့အကြား စာချုပ်သက်တမ်း ၁နှစ်သာကျန်ရှိတော့တဲ့ ပေါ့ဘာအနေနဲ့ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာ လတွေအတွင်း ရီးရဲလ်အသင်းဆီပြောင်းရွှေ့ဖို့အနီးစပ်ဆုံးဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာလည်း ရီးရဲလ်၊ ဂျူဗင်တပ်တို့ ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာလည်းဖြစ်ပါတယ်။


Author


က္က