လာမယ့်နွေရာသီအပြောင်းအရွှေ့ရဲ့အလှုပ်ခတ်ဆုံးအပြောင်းအရွှေ့ဖြစ်လာမှာပါ။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားကို ခေါ်ယူလိုတဲ့ ထိပ်တန်းအသင်းအများစုရှိနေပြီး ရီးရဲလ်နဲ့ဂျူဗင် တပ်တို့က အပြိုင်ဆိုင်ဖြစ်နေခဲ့တာပါ။

အင်တာမီလန်အသင်းအနေနဲ့ ယူနိုက်တက်ကွင်းလယ်ကစား သမားပေါ့ဘာကို ခေါ်ယူဖို့အတွက် အဓိကပြိုင်ဘ က် ဂျူဗင်တပ်နဲ့အပြိုင် ကမ်းလှမ်းဖို့ပြင်ဆင်နေပြီဖြစ်တယ်လို့ အီတလီမီဒီယာတွေရဲ့ဖော်ပြချက်ကို dailymailက ကိုးကားဖော်ပြလာပါတယ်။

ယူနိုက်တက်ကွင်းလယ်ကစားသမားပေါ့ဘာအနေနဲ့ အခုနှစ်ရာသီကုန်မှာ ပရီးမီးယားလိဂ်ကနေ စွန့်ခွာလိုတယ် လို့ အရိပ်အမြွတ်ပြောဆိုထားပြီးဖြစ်တဲ့အတွက် ဂျူဗင်တပ်အသင်းတွင်လက်တွဲခဲ့ဖူးတဲ့ ဆရာဟောင်းဖြစ်သူကွန် တီရဲ့ ကမ်းလှမ်းမှုကို စိတ်ဝင်စားဖွယ်ရှိနေတယ်လို့လည်း သုံးသပ်မှုများရှိနေခဲ့ပါတယ်။



သတင်းဖော်ပြမှုတွေအရ အင်တာမီလန်အသင်းအနေနဲ့ ပီအက်စ်ဂျီအသင်းကို အငှားသွားကစားနေတဲ့တိုက်စစ် မှူးအိုင်ကာဒီ၊ ဘိုင်ယန်မြူးနစ်ကို အငှားသွားကစားနေတဲ့ ပါရီဆစ်တို့ နှစ်ဦးလုံးကို အပြီးသတ်ရောင်းချရာကရရှိ လာမယ့် ငွေကြေးကနေ ပေါ့ဘာကို ကမ်းလှမ်းဖို့ စီစဉ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

Gazzetta dello Sports ရဲ့ဖော်ပြချက်အရ အင်တာမီလန်နည်းပြကွန်တီအနေနဲ့ ပေါ့ဘာကို ခေါ်ယူဖို့ အသင်း တာဝန်ရှိသူတွေထံတောင်းဆိုမှုများပြုလုပ်ထားခဲ့ပြီး အခြားအီတလီသတင်းရင်းမြစ်တွေမှာတော့ သီးသန့်ဖုန်း ဆက်သွယ်ပြောဆိုမှုတွေအထိပင် ရှိနေခဲ့တယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက ရီးရဲလ်အသင်းဆီကို ကမ္ဘာ့အဆင့်ကစားသမားသစ်တွေပို့ပေးဖို့ရှိတယ် လို့ ထုတ်ဖော်ပြောဆိုထားသလို လက်ရှိသတင်းတွေအရဆိုရင်လည်း ကစားသမားဖြစ်သူကို ခေါ်ယူလိုနေတဲ့ အသင်းတွေထဲမှာ ဂျူဗင်တပ်၊ ပီအက်စ်ဂျီတို့အပြင် အခုနောက်ဆုံးအနေနဲ့ အင်တာမီလန်အသင်းပါဝင်လာတာ လည်းဖြစ်ပါတယ်။



က္က