အာဆင်နယ်အနေနဲ့ အဝေးကွင်း ၅ပွဲကစားပြီးရာမှာ ဒုတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ရှက်ဖီးလ်ယူနိုက်တက်ကို အရေးနိမ့်ခဲ့တဲ့အတွက် အဆင့်-၅နေရာကိုဆင်းပေးခဲ့ရပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၉လက်ကျန်ပွဲစဉ်အဖြစ် ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာ ရှက်ဖီးလ်ယူနိုက်တက်ကိုအရေးနိမ့်ခဲ့တာက အာဆင်နယ်အတွက် ထိုက်တန်မှုမရှိတဲ့အပြင် VAR နဲ့ ကွင်းလယ်ဒိုင်ရဲ့ မျက်ကွယ်ပြုခြင်းကိုခံခဲ့ရတယ်လို့ပွဲအ ပြီး နည်းပြယူနိုင်းအမ်မရီရဲ့ မှတ်ချက်ပြုမှုကို dailymail က ဖော်ပြလာပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လီဗာပူးအသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ် ၄နောက်ပိုင်း ရှုံးပွဲမရှိရလဒ်ရရှိထားခဲ့ပေ မယ့် အခုလိုရှက်ဖီးလ်ယူနိုက်တက်ကို အရေးနိမ့်ခဲ့တဲ့အတွက် အမှတ်ပေးဇယားအဆင့်ရပ်တည်မှုတွင် အဆင့် ၅နေရာအထိ ဆင်းပေးခဲ့ရပြီလည်းဖြစ်ပါတယ်။



“ တကယ်ကို စိတ်ပျက်စရာရလဒ်ပါ။ အကောင်းဆုံးခြေစွမ်းရှိခဲ့တယ်။ အခွင့်အရေးတွေအများကြီးရခဲ့တယ်။ ဒါ ပေမဲ့ မျက်ကွယ်ပြုခြင်းခံခဲ့ရတယ်။ တကယ်ကိုမထိုက်တဲ့အရှုံးပါ။ ဆိုကရေးတစ်ရဲ့အခြေအနေက တကယ်ကို ပင်နယ်တီရသင့်တဲ့အခြေအနေဖြစ်ပေမယ့် မရခဲ့ဘူး။ VAR အရဆိုရင်လည်း သတ်မှတ်ပေးရမယ့်အခြေအနေ ဖြစ်ပေမယ့် လျစ်လျူခြင်းခံရတာက ဆိုးရွားလွန်းပါတယ် ” လို့ အာဆင်နယ်နည်းပြယူနိုင်းအမ်မရီက ပွဲအပြီးမှာ အခုလိုထုတ်ဖော်ပြောဆိုလိုက်တာပါ။

ပွဲကိုတာဝန်ယူကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်မိုက်ဒင်းအနေနဲ့ ပွဲချိန် ၆မိနစ်တွင် အာဆင်နယ်အသင်းထောင့်က န်ဘောရရှိချိန်မှာ အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပြီး အာဆင်နယ်နောက်ခံလူဆိုကရေးတစ်ကို ရှက်ဖီးလ်ယူနိုက်တက်နောက်ခံလူဂျွန်အီဂန်က ဆွဲထားခဲ့တဲ့အခြေအနေကို ပင်နယ်တီအဖြစ်သတ်မှတ်ပေးရန် ငြင်းဆန်ခဲ့တာလည်းဖြစ်ပါတယ်။

တန်းတက်အသင်းတွေကို ရင်ဆိုင်တွေ့တိုင်းရလဒ်ဆိုးလေ့ရှိတဲ့ အာဆင်နယ်အသင်းအနေနဲ့ အခုနှစ်ဘောလုံး ရာသီတွင်လည်း တန်းတက်ရှက်ဖီးလ်ယူနိုက်တက်အသင်းကို အစဉ်အလာတွေအတိုင်း အရေးနိမ့်ခဲ့တာဖြစ်တ ယ်လို့လည်း ဗြိတိန်မီဒီယာအချို့က မှတ်တမ်းအချို့နဲ့အတူ ဖော်ပြမှုတွေလည်း ရှိနေခဲ့ပါတယ်။



က္က