ချဲလ်ဆီးအနေနဲ့ ယူနိုက်တက်ကို နောက်ဆုံး ၅ပွဲမှာ နိုင်ပွဲလုံးဝမရှိခဲ့တာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ ခါရာဘောင်း၁၆သင်းရှုံးထွက်အဆင့်မှာ မန်ချက်စတာယူနိုက်တက်ကိုအရေးနိမ့်ပြီး ပြိုင် ပွဲကနေ ထွက်ခွာခဲ့ရပြီလည်းဖြစ်ပါတယ်။

၇ပွဲဆက်နိုင်ပွဲရရှိမှုရပ်တံ့ခဲ့ရပြီဖြစ်တဲ့ ချဲလ်ဆီးအသင်းရဲ့ နည်းပြလမ်းပတ်က ယူနိုက်တက်ကိုအရေးနိမ့်ခဲ့တဲ့အ တွက် စိတ်မကောင်းဖြစ်မိသော်လည်း ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် လာမယ့်ပွဲစဉ်အတွက်ကိုပဲ အာရုံအပြည့်စိုက် ထားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ရာသီအစက ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို လိဂ်ဖလားပွဲ စဉ်အဖြစ် ထပ်မံရင်ဆိုင်ခဲ့ရသော်လည်း အနိုင်ရရှိခဲ့ခြင်းမရှိဘဲ အိမ်ကွင်းမှာ ထပ်ပြီးအရေးနိမ့်ခဲ့တာလည်းဖြစ်ပါ တယ်။



“ ပုံစံကောင်းနဲ့တဖြေးဖြေးခရီးဆက်နေခဲ့တာ ၇ပွဲအထိ ရှုံးပွဲမရှိခဲ့ပါဘူး။ ကျေနပ်စရာအခြေအနေတစ်ခုလည်းရှိေ နခဲ့ပါပြီ။ ဒါပေမဲ့ ချန်ပီယံလိဂ်လို အဓိကပြိုင်ပွဲတွေမှာ ရလဒ်ကောင်းဖို့လိုအပ်နေပါသေးတယ်။ ရှုံးပွဲတွေ့ခဲ့တယ် ဆိုတာထက် လာမယ့်ပွဲစဉ်တွေကိုပဲ အာရုံအပြည့်စိုက်ထားမှာပါ ” လို့ နည်းပြလမ်းပတ်က ပွဲအပြီး Cheleseatv နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ထုတ်ဖော်ပြောဆိုလိုက်တာပါ။

လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၄နေရာမှာရှိနေခဲ့တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ချန်ပီယံလိဂ်တွင် လည်းရလဒ်ကောင်းအချို့ရရှိနေတာဖြစ်ပေမယ့် ပြည်တွင်းဆုဖလားတစ်ခုဖြစ်တဲ့ ခါရာဘောင်းချန်ပီယံဆုကို  တော့ လက်လွှတ်ခဲ့ပြီလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်နိုဝင်ဘာလတွင် ပွဲကြပ်ကာလတစ်ခုအဖြစ်ဖြတ်သန်းရဖို့ရှိနေပြီး ပုံစံကောင်းပြ န်ရနေတဲ့ ဝက်ဖို့ဒ်၊ မန်စီးတီး၊ ခရစ္စတယ်ပဲလေ့စ်တို့အပြင် ချန်ပီယံလိဂ်တွင်လည်း အေဂျက်ဇ်၊ ဗလင်စီယာတို့နဲ့ ဆက်တိုက်ရင်ဆိုင်ကစားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။



က္က