loading...

loading...

loading...

ဆန်းချက်ဇ်ဟာ တစ်ပွဲကစားပေးတိုင်း ပေါင် (၇၅၀၀၀) ရတယ်လို့ သိရပါတယ်။
Pyae Phyo Thein

ဆန်းချက်ဇ် ဘောလုံးထိခဲ့တဲ့နေရာကလည်း ကွင်းလယ်နားလောက်မှာသာ ဖြစ်ပြီးတော့ သူ့ရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ယူနိုက်တက်ပရိသတ်တွေရဲ့ စိတ်ပျက်မှုက ပိုမိုတိုးပွားလာခဲ့ရပါတယ်။

မနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်က (၈၃)မိနစ်မှာ လူစားဝင်ကစားခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ စုစုပေါင်း (၁၂)မိနစ် ကစားခဲ့ရပြီး ဘောလုံးထိချက်တစ်ချက်သာ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် ဆန်းချက်ဇ်က ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း လူစားဝင်ကစားခဲ့ရသူပါ။

ဆန်းချက်ဇ် ဘောလုံးထိခဲ့တဲ့နေရာကလည်း ကွင်းလယ်နားလောက်မှာသာ ဖြစ်ပြီးတော့ သူ့ရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ယူနိုက်တက်ပရိသတ်တွေရဲ့ စိတ်ပျက်မှုက ပိုမို တိုးပွားလာခဲ့ရပါတယ်။ ဆန်းချက်ဇ်ဟာ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် (၃)သိန်းခွဲ ရရှိနေတဲ့အပြင် အခြားသော အပိုဆုကြေးများနဲ့ဆိုပါ ပေါင် (၅)သိန်းအထိ ရရှိနေခဲ့သူလည်း ဖြစ်ပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းများအရ ဆန်းချက်ဇ်ဟာ တစ်ပွဲပါဝင်ကစားပေးရတိုင်းမှာ ပေါင် (၇၅၀၀၀)အထိ အပိုငွေကြေးရရှိတယ်လို့ သိရပြီး မနေ့ညက ပွဲမှာဆိုရင် ဘောလုံးထိချက်တစ်ချက်အတွက်ပဲ ယူနိုက်တက်က ပေါင် (၇၅၀၀၀) ပေးချေခဲ့ရတဲ့ ပုံစံဖြစ်ခဲ့တယ်လို့ ပရိသတ်တွေက တွစ်တာပေါ်မှာ ဝေဖန်နေခဲ့ကြ တယ်လို့ Sportsbible က ဖော်ပြခဲ့ပါတယ်။

ဆန်းချက်ဇ်ဟာ အာဆင်နယ်ကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း အသင်းအတွက် ပြိုင်ပွဲစုံ (၄၃)ပွဲ ကစားပေးထားပြီး (၅)ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း အသင်းအတွက် ပရီးမီးယားလိဂ်ပွဲ (၁၈)ပွဲ ကစားပေးထားပြီး သွင်းဂိုး (၁)ဂိုးတည်းသာ ရရှိထားခဲ့တဲ့အထိ ခြေစွမ်းက ဆိုးရွားနေခဲ့ပါတယ်။

လာမယ့်ရာသီမှာ ဆန်းချက်ဇ်ကို အသင်းကနေ ပြန်လည်ရောင်းချဖို့အတွက် ဆိုးလ်ရှားက ပြင်ဆင်နေပြီဖြစ်ပြီး သူ့ကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဆန်းချက်ဇ်အနေနဲ့ အသင်းသစ်ကို ပြောင်းရွှေ့မယ်ဆိုပါက လစာငွေလျှော့ယူရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က