၂၀၁၃-၁၄ ဘောလုံးရာသီကဖြစ်ပါတယ်။
Pyae Phyo Thein

၂၀၁၃-၁၄ ဘောလုံးရာသီတုန်းကလည်း ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ နီးစပ်နေတဲ့အခြေအနေမှာ လီဗာပူးလ်ဟာ ချယ်လ်ဆီးကိုအရေးနိမ့်ခဲ့ပြီး ပဲလေ့စ်နဲ့ သရေကျကာ အမှတ်ပေးဖလားကို မန်စီးတီးအသင်းဆီ ထိုးအပ်ခဲ့ရပါတယ်။


လီဗာပူးလ်အသင်းရဲ့နည်းပြဟောင်းဘရန်ဒန်ရော်ဂျာက ပရီးမီးယားလိဂ်ဖလားနဲ့လက်တစ်ကမ်းအကွာကိုရောက်နေတဲ့ အသင်းဟောင်းအနေနဲ့ သူ့လက်ထက်မှာ ခရစ္စတယ်ပဲလေ့၊ ချယ်လ်ဆီးတို့နဲ့ပွဲတွေမှာ ရမှတ်တွေဆုံးရှုံးပြီး ဖလားလက်လွှတ်ခဲ့ရမှုကို ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။ ၂၀၁၃-၁၄ ဘောလုံးရာသီတုန်းကလည်း ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ နီးစပ်နေတဲ့အခြေအနေမှာ လီဗာပူးလ်ဟာ ချယ်လ်ဆီးကိုအရေးနိမ့်ခဲ့ပြီး ပဲလေ့စ်နဲ့ သရေကျကာ အမှတ်ပေးဖလားကို မန်စီးတီးအသင်းဆီ ထိုးအပ်ခဲ့ရပါတယ်။

စတီဗင်ဂျရတ်ရဲ့ နာမည်ကျော်ခြေချော်မှု၊ ပဲလေ့စ်ကို ၃ဂိုးပြတ်နဲ့ဦးဆောင်ခဲ့ပြီးမှ ၃ဂိုးပြန်ပေးခဲ့ရလို့ လီဗာပူးလ်အသင်းဟာ ရမှတ်တွေဆုံးရှုံးခဲ့ရပြီး မန်စီးတီးရဲ့ ကျော်ဖြတ်မှုကိုခံခဲ့ရတာဖြစ်ပါတယ်။ ရော်ဂျာကတော့ ပဲေ့လစ်ကိုသရေကျခဲ့တာထက် ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့တာက အမှတ်ပေးဖလားကိုလက်လွှတ်ခဲ့ရတယ်လို့ ယုံကြည်ကြောင်းပြောဆိုခဲ့တယ်လို့ Liverpoolecho က ဖော်ပြခဲ့ပါတယ်။ 

"ပဲလေ့စ်ကိုအရေးနိမ့်ခဲ့တာက လေးစားမှုကင်းမဲ့ခဲ့လို့ဖြစ်ခဲ့တာပါ၊ ချယ်လ်ဆီးကို အရေးနိမ့်ခဲ့တာကတော့ ကွဲပြားခြားနားမှုတွေကို ဖြစ်စေခဲ့ပါတယ်၊ ပဲလေ့စ်နဲ့ပွဲမှာဆိုရင် ပထမပိုင်းကို ကျွန်တော်တို့ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ဂိုးရဖို့ကို ကျွန်တော်တို့ကြိုးစားခဲ့ရတယ်လို့ ခံစားရပါတယ်၊ ဒုတိယပိုင်းမှာတော့ ၂-၀၊ ၃-၀ ဆိုပြီး လျင်လျင်မြန်မြန်ဖြစ်ခဲ့ပြီးတော့ ကျွန်တော်တို့အရမ်းသက်တောင့်သက်သာဖြစ်နေခဲ့တာပါ၊ အဲဒီနောက် နောက်ဆုံး ၁ဝမိနစ်ကတော့ ရူးသွပ်ချင်စရာဖြစ်ခဲ့ရပါတယ်"

"'ဒါပေမယ့် အဲဒီပွဲကြောင့် ပေးဆပ်ခဲ့ရတာမဟုတ်ပါဘူး၊ ချယ်လ်ဆီးကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာက ပေးဆပ်ခဲ့ရတာပါ" လို့ ရော်ဂျာကပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ မန်စီးတီးကို ၂၅မှတ်အထိ ဖြတ်တောက်ထားပြီး သချာင်္နည်းအရ ဆုဖလားရဖို့မသေချာသေးပေမယ့်လည်း နောက်ထပ်နှစ်ပွဲအနိုင်ရရုံနဲ့ ဆုဖလားဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ လက်ကျန် ၉ပွဲကစားဖို့ကျန်ရှိနေသေးတာဖြစ်ပြီး ဆုဖလားရရှိဖို့အတွက် ရာနှုန်းပြည့်သေချာနေတာလည်းဖြစ်ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က