loading...

loading...

loading...

ဖီးလ်ဖိုဒန်နဲ့ ထိုက်တန်တယ်လို့ ယုံကြည်နေတာပါ။
Kg Htet

မန်ချက်စတာစီးတီးကြယ်ပွင့် ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ၎င်းရဲ့ စိတ်ဓာတ်အဆင့်အတန်းကို ပြသခဲ့ပြီး ၎င်းရရှိခဲ့တဲ့ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို လက်ခံရယူဖို့ ငြင်းပယ်ခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့် ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားဟာ အီတီဟတ်ကွင်းမှာ နောက်ထပ် ထိပ်တန်းစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးကို အမှတ်ပေးဇယားထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိစေခဲ့တဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။

ဘာနာဒိုဆေးလ်ဗားဟာ ညာတောင်ပံကနေ ဘောလုံးကို ရယူပြီး ပြီးပြည့်စုံတဲ့ ဖြတ်တင်ပေးပို့မှုပြုလုပ်ခဲ့ရာမှာ အဂူရိုက ဖီးလ်ဖိုဒန် ဂိုးသွင်းယူနိုင်အောင် ခေါင်းတိုက်ချပေးခဲ့တာဖြစ်ပါတယ်။ ယင်းသွင်းဂိုးဟာ အသက် ၁၈ နှစ်အရွယ် ဖီးလ်ဖိုဒန်ရဲ့ပထမဆုံးသော ပရီးမီးယားလိဂ်သွင်းဂိုးဖြစ်လာခဲ့ပြီး ဖီးလ်ဖိုဒန်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် တတိယမြောက်အသက်အငယ်ဆုံးဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။

“အသင်းမှာရှိတဲ့ ကစားသမားတိုင်းက ကျွန်တော် အမြဲတမ်း ကြည့်ပြီး လေ့လာရတဲ့သူတွေပါ။ အထူးသဖြင့် ဒီနေ့မှာဆိုရင် သူ(ဘာနာဒိုဆေးလ်ဗား)ပါ။ သူ ပြေးလွှားတာကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ခင်ဗျားအသင်းမှာ ဒီလိုကစားသမားမျိုး ရှိခဲ့မယ်ဆိုရင် ခင်ဗျားအသင်းကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ် ဘရို”လို့ ဖီးလ်ဖိုဒန်က Sky Sports ကို ပြောကြားခဲ့ပါတယ်။

ယင်းအချိန်မှာပဲ ဖီးလ်ဖိုဒန်ရဲ့အသင်းဖော် ဘာနာဒိုဆေးလ်ဗားကို ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု ပေးအပ်ခဲ့တဲ့အပေါ် မေးမြန်းခဲ့တဲ့အချိန်မှာ ဘာနာဒိုဆေးလ်ဗားက ကြားဖြတ်ပြီး “ဟင့်အင်း။ ကျွန်တော် အဲဒီဆုကို ဖီးလ်ကို လွှဲပြောင်းပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ အဲဒီဆုနဲ့ထိုက်တန်တယ်ဆိုတာ ကျွန်တော် အရိုးသားဆုံးစဉ်းစားမိလို့ပါ။ သူက အရမ်းငယ်ရွယ်သေးပါတယ်။ သူက အံ့အားသင့်စရာ ကစားသမားပါ။ ဒီဆုက မင်းအတွက်ပါ။ ဂုဏ်ပြုပါတယ်”လို့ ဘာနာဒိုဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က