loading...

loading...

loading...

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတော့မှာ ဖြစ်ပါတယ်။
Pyae Phyo Thein

ပြင်သစ်သတင်းစာတစ်စောင်ဖြစ်တဲ့ L'Equipe ကလည်း ဟာရဲရားကို အသင်းဟောင်း စပိန်ကလပ် ဘီလ်ဘာအိုက ကြားဖြတ်ခေါ်ယူဖိူု့အတွက် ကမ်းလှမ်းခဲ့ပေမယ့် ဟာရဲရားကိုယ်တိုင်က ပြင်သစ်ကလပ်ကိုပဲ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဒါဟာရဲရားဟာ လာမယ့်ရာသီမှာ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေး၊ (၄) နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ စပိန်သတင်းစာ AS က အတည်ပြုရေးသားသွားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရရှိတဲ့နောက်မှာ ဟာရဲရားက အိုးထရက်ဖို့ဒ်ကို စွန့်ခွာသွားတော့မှာလည်း ဖြစ်ပါတယ်။

ပြင်သစ်သတင်းစာတစ်စောင်ဖြစ်တဲ့ L'Equipe ကလည်း ဟာရဲရားကို အသင်းဟောင်း စပိန်ကလပ် ဘီလ်ဘာအိုက ကြားဖြတ်ခေါ်ယူဖိူု့အတွက် ကမ်းလှမ်းခဲ့ပေမယ့် ဟာရဲရားကိုယ်တိုင်က ပြင်သစ်ကလပ်ကိုပဲ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ ဟာရဲရားဟာ ၂၀၁၄ ခုနှစ်မှာ ဘီလ်ဘာအိုကနေ ယူနိုက်တက်ကို ယူရိုသန်း (၄၀)နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယူနိုက်တက်မှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားလက်ထက်မှာ ဟာရဲရားက အသင်းရဲ့ အဓိကကစားသမားအဖြစ် ရှိနေခဲ့ပေမယ့်လည်း စာချုပ်သစ်ကိစ္စ၊ ဒဏ်ရာပြသနာတွေကြောင့် နောက်ဆုံးကစားခဲ့တဲ့အမှတ်ပေးပွဲ (၄)ပွဲကို ဟာရဲရား လွဲချော်ခဲ့ရပါတယ်။ ယူနိုက်တက်နဲ့ ဟာရဲရားတို့ရဲ့ စာချုုပ်သစ်ဆွေးနွေးမှုအဆင်မပြေတဲ့အချိန်မှာ ပီအက်စ်ဂျီက ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်ပြီး ဟာရဲရားအနေနဲ့ ပြင်သစ်ကလပ်မှာ တစ်ပတ်လုပ်ခ ပေါင် (၂)သိန်းထိ ရဖွယ်ရှိတယ်လို့ သိရပါတယ်။

(၅) နှစ်တာကာလအတွင်းမှာ ဟာရဲရားက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၁၈၇)ပွဲအထိ ကစားပေးပြီး ဂိုးပေါင်း (၂၀) သွင်းယူပေးခဲ့ပါတယ်။ ကွင်းလယ်မှာ မခိုမကပ်ကစားတတ်ပြီး အသင်းအတွက် စိတ်နှစ်ကစားတတ်တဲ့ ဟာရဲရားဟာ ပရိသတ်အကြိက်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ယူနိုက်တက်အသင်းခေါင်းဆောင် ရာထူးနဲ့ ထိုက်တန်တဲ့သူလို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

ပီအက်စ်ဂျီကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဂျင်တီးနားကွင်းလယ်လူ ပါရာဒက်စ်ကို ခေါ်ယူထားခဲ့ပြီး ဖြစ်ပေမယ့် နွေရာသီမှာ ရာဘီယော့က အလွတ်ထွက်ခွာသွားတော့မှာဖြစ်လို့ ကွင်းလယ်ပိုင်းအားဖြည့်မှုအဖြစ် ဟာရဲရားကို လက်ဦးမှုရယူခဲ့တာဖြစ်ပါတယ်။ ဟာရဲရားလို ကစားသမားမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာက ပီအက်စ်ဂျီအတွက်တော့ တကယ်ကို တန်ဖိုးရှိတဲ့ ခေါ်ယူမှုတစ်ခုလို့ သုံးသပ်ရပါတယ်။


loading...

က္က