loading...

loading...

loading...

လက်ဒလေကင်းရဲ့ ၂၀၀၀ခုနှစ်က သွင်းယူထားတဲ့ စံချိန်ကို ချိုးဖျက်ခဲ့တာပါ။
Kyaw Ko Ko Sint

၂၀၀၀ ခုနှစ်တုန်းက စပါးနဲ့ ဘရန့်ဖို့ဒ်တို့ပွဲမှာ စပါးကစားသမား လက်ဒလေကင်းက ၉.၈၂ စက္ကန့်နဲ့ အမြန်ဆုံး ဂိုးသွင်းယူထားပြီး ၁၉ နှစ်အကြာမှာ ရှိန်းလောင်းက ၇.၆၈ စက္ကန့်နဲ့ ချိုးဖျက်လိုက်တာပါ။

ဒီမနက်က ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ ဆောက်သမ်တန်အသင်းတို့ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းအတွက် အဖွင့် ဦးဆောင်ဂိုး သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး ရှိန်းလောင်းကတော့ ပရီးမီးယားလိဂ်သမိုုင်းမှာ အမြန်ဆုံး ဂိုးသွင်းသူအဖြစ် စံချိန်တင်ခဲ့ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြပါတယ်။

ပွဲစလို့ ဝက်ဖို့ဒ်အသင်းက လူပေးဘော စပေးရာမှာတော့ နောက်ခံလူရဲ့ အမှားကနေ တဆင့် တိုက်စစ်မှူး ရှိန်းလောင်းက ဂိုးသမားကိုကျော်ပြီး လှလှပပ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးသွင်းယူချိန်မှာ ၇.၆၉ စက္ကန့်သာရှိသေးလို့ စပါးနောက်ခံလူ လက်ဒလေကင်း တင်ရှိထားတဲ့ ၁၉ နှစ်ကြာ ပရီးမီး ယားလိဂ် အမြန်ဆုံး သွင်းဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

“ နည်းပြက မြန်မြန် ကစားပြီး သူတို့ကိ ဖိအားပေးမယ်ပြောခဲ့လို့ ပွဲစတာနဲ့ မြန်မြန်စခဲ့တာပါ၊ဒီဂိုးကတော့ တကယ်ကို နှစ်လိုဖွယ်အပြည့်ပါပဲ” လို့ ရှိန်းလောင်းက ပွဲအပြီးမှာ ပြောသွားတဲ့အကြောင်း BBC SPORTက ဖော်ပြလာပါတယ်။

၂၀၀၀ ခုနှစ်တုန်းက စပါး အသင်းနဲ့ ဘရန့်ဖို့ဒ်အသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်တုန်းက စပါးကစားသမား လက်ဒ လေကင်းက ပွဲချိန် ၉.၈၂ စက္က့န်နဲ့ ဂိုးသွင်းထားပြီး ပရီးမီးယားလိဂ် သမိုင်းတလျှောက် အမြန်ဆုံး သွင်းဂိုးအဖြစ် စံချိန်တင်ထားတာပါ။

“ဒီလိုဖြတ်တင်ဘောကို ကာတာ ၁၀၀ မှာ ၉၉ ကြိမ်လောက်က မရပါဘူး၊ရတဲ့ တစ်ကြိမ်မှာတော့ ကျွန်တော် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ပွဲစစချင်းတော်တော်များများမှာ ကျွန်တော်တို့ အမြင့်ဘောတွေသာ သုံးခဲ့ပါ တယ်၊ အခုတော့ သူတို့ စပေးဘောာကို ပြန်ကာတဲ့နေရာမှာ ဘောလုံးကလည်း အလိုက်သင့် ရှေ့တင် ပြန်ကျ ခဲ့တာကတော့ ကံကောင်းခဲ့တာပေါ့။” လို့ ရှိန်းလောင်းက ဆက်ပြောခဲ့ပါသေးတယ်။


loading...

က္က