ဂိုးသွင်းပြီးရင်တောင် အောင်ပွဲမခံရဲဖြစ်နေတယ်လို့ ပြောခဲ့တာပါ။

လီဗာပူးကွင်းလယ်ကြယ်ပွင့် ဂျိမ်းစ်မီလ်နာက ပရီးမီးယားလိဂ်ပွဲစဉ်တွေရဲ့ ပြင်းထန်မှုဟာ VAR ရဲ့ ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့ ယုံကြည်နေပြီး VAR အသုံးပြုနေမှုကို ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

ယခုအပတ်မှာ ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ VAR ပါဝင်ပတ်သက်နေတဲ့ ကြီးမားတဲ့ဖြစ်စဉ်မျိုးတော့ ပိုမိုဖြစ်ပွားလာခြင်းမရှိသေးပေမယ့် အာဆင်နယ်နဲ့ အဲဗာတန်အသင်းတို့ဟာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကို ရရှိခဲ့ကြတာဖြစ်ပါတယ်။

လီဗာပူးဝါရင့်ကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာဟာ VAR ကို မေးခွန်းထုတ်ခဲ့တဲ့ နောက်ဆုံးကစားသမားဖြစ်လာပြီး ပရိသတ်တွေအနေနဲ့ ဂိုးရတာတောင်မှ ငြင်းပယ်ခံရမှာကို ကြောက်ရွံ့ပြီး အောင်ပွဲမခံရဲလောက်အောင် ဖြစ်နေကြပြီလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်က VAR ပရိသတ် လုံးဝမဟုတ်ပါဘူး။ ကျွန်တော့်ဘဝရဲ့တစိတ်တပိုင်းက ရှေးရိုးစွဲဆန်တာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် VAR နဲ့ပတ်သက်ပြီး အချေအတင်ငြင်းခုံမှုတွေ အများကြီးရှိနေသေးတယ်လို့ ကျွန်တော် ထင်ပါတယ်”

“ဂိုးစည်းနည်းပညာကတော့ မယုံကြည်နိုင်ဖွယ်ပါပဲ။ အဲဒါက အချိန်နဲ့တပြေးညီဆုံးဖြတ်ပေးပါတယ်။ အဖြူနဲ့ အမည်းပေ့ါ။ ဒါပေမယ့် ခင်ဗျား ဆုံးဖြတ်ချက်အပေါ်မှာ အတွေးတွေရှိနေဆဲဖြစ်ပြီး ပြင်းထန်မှုက ဖျက်ဆီးခံရလိုက်တဲ့အခါမှာ VAR ကို အသုံးပြုဖို့က အရမ်းခက်ခဲပါတယ်”

“ခင်ဗျား ဂိုးသွင်းယူတယ်။ အဲဒီမှာ ဆူညံပေါက်ကွဲသံတွေရှိပြီးနောက်မှာ VAR ကြောင့် အကုန်ပြီးဆုံးသွားတယ်။ ခင်ဗျား စောင့်နေရတယ်။ အဲဒါက ဂိုးလားဆိုတာကိုပေါ့”လို့ The Guardian ကို ပြောကြားခဲ့ပါတယ်။



က္က