ဝါနာကတော့ ယခုနှစ်မှာမှ ဂျာမန်ကလပ် လိုက်ပ်ဇက်အသင်းကနေ ပြောင်းရွှေ့လာသူပါ။
Kyaw Ko Ko Sint

ချဲလ်ဆီးအသင်းက ဝါနာအပါအဝင် ကစားသမားအချို့ကို ပေါင် သန်း ၂၀၀ ခန့် အသုံးပြုကာ အသစ်ခေါ်ယူအား ဖြည့်ထားပါတယ်။

ဘရိုက်တန်ကို ၃-၁နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ချဲလ်ဆီးအသင်းနဲ့အတူ ပထမဆုံး ပါဝင်ကစားပေးနိုင်ခဲ့တဲ့ ဘွန်ဒက်လီဂါ လိဂ် ကစားမားဟောင်း ဝါနာက လိဂ်နှစ်ခုအကြား ခြားနားမှုတွေကို ထုတ်ဖော်ပြောလာပါတယ်။

ဝါနာက ဘရိုက်တန်နဲ့ပွဲမှာ ဒုတိယပိုင်းက ပိုမိုပြီး ပြင်းထန်လာကြောင်း၊ပြိုင်ဖက် နောက်ခံလူတွေရဲ့ ကြံ့ခိုင်မှုတွေ အပေါ်မှာလည်း မှတ်ချက်ပေးခဲ့ပါတယ်။

“တစ်ဂိုးစီ သရေမှာ ပွဲက ပိုခက်လာပါတယ်။အနိုင်ရခဲ့တဲ့အတွက်ကြောင့်တော့ ပျော်ရွှင်ရပါတယ်။လိဂ်နှစ်ခုအကြား ပွဲကတော့ တော်တော်လေး ကွာပါတယ်။ဒါပေမယ့် ဒုတိယပိုင်းမှာ ပွဲက ပိုပြီး ပြင်းထန်လာတာတွေ့ရပါတယ်။ဘ ရိုက်တန်က တော်တော်လေး ပြဿနာပေးခဲ့နိုင်ပါတယ်။ကျွန်တော် ပွဲချိန်အတွင်း မတူညီတဲ့ နောက်ခံလူ ၃ဦးကို အမျိုးမျိုးကျော်ဖြတ်ကစားရပါတယ်။ဒါမျိုး ဂျာမနီမှာ မရင်ဆိုင်ရပါဘူး။ဘာပဲ ဖြစ်ဖြစ် အသင်းနိုင်ပွဲရလို့ ပျော်ပါ တယ်။”လို့ ဝါနာက MOTD သတင်းဌာနကို ပြောသွားပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ယခုနှစ် လူဝယ်ရာသီမှာ ဝါနာအပါအဝင် ကစားသမားအတော်များများကို ပေါင် သန်း ၂၀၀ ဝန်းကျင် အသုံးပြုပြီး ခေါ်ယူထားနိုင်ခဲ့ပါတယ်။

လာမယ့် လိဂ် ဒုတိယပွဲအဖြစ် လက်ရှိချန်ပီယံ လီဗာပူးကို အိမ်ကွင်း ဧည့်ခံ ကစားရမှာ ဖြစ်ပေမယ့် အသင်းမှာ ကစားသမားသစ်တွေက သေချာ နားလည်မှု မရသေးဘူးလို့လည်း ဝါနာက ဝန်ခံခဲ့ပါတယ်။

“ကစားသမားတော်တော်များများ အချိတ်အဆက်မမိကြသေးပါဘူး၊ဒါပေမယ့် တစ်ပွဲနဲ့တစ်ပွဲ ကျွန်တော်တို့ ပို ကောင်းလာမယ်လို့ ယုံကြည်ပါတယ်။လာမယ့် လီဗာပူးပွဲမှာ ပိုခက်မယ်ဆိုတာသိပေမယ့် အကောင်းဆုံး စွမ်း ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”လို့ ဝါနာက ဆက်လက်ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က