ချဲလ်ဆီးအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

ပရီးမီးယားလိဂ်ဟာကန်တင်ပြေးစနစ်အသုံးပြုတာကြောင့် အရင်က ပြောင်းဖို့ စိတ်မကူးပေမယ့် အခုလို ပြောင်းလာ ဖြစ်တာကတော့ ကစားပုံ ပြောင်းလဲလာတဲ့အတွက်ကြောင့်လို့ ဆေးလ်ဗားက ဆိုပါတယ်။

လျင်မြန်မှုကို အသားပေးတဲ့ ပရီးမီးယားလိဂ်ရဲ့ ကစားဟန်နဲ့ ပတ်သက်ပြီး စိုးရိမ်မှု အလျဥ်းမရှိဘူးလို့ ၃၆နှစ် အရွယ် ချဲလ်ဆီး နောက်ခံလူသစ် သီယာဂိုလ်ဆေးလ်ဗားက ကြွေးကြောလာခဲ့ပါတယ်။



ဘရာဇီး နောက်ခံလူဟာ ပြီးခဲ့တဲ့လက ချဲလ်ဆီးအသင်းကို ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့လာခဲ့သူ ပါ။

ဆေးလ်ဗားအနေနဲ့သူ့ရဲ့ ပထမဆုံး အသင်းနဲ့ ပွဲထွက်ပွဲစဥ်အဖြစ် ဒီကနေ့ညမှာကစားဖို့ရှိနေတဲ့ ဘန်စလေအသင်းနဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဥ်မှာ ပါဝင်လာနိုင်ပါတယ်။

“အသက်အရွယ်ဆိုတာ နံပါတ်တစ်ခုမျှပါ၊ဒီမှာလျင်မြန်မှုကို အသားပေး ကစားတဲ့အပေါ်မှာလည်း စိုးရိမ်မှု မရှိပါ ဘူး။ကြံ့ခိုင်မှုပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော် ငယ်ရွယ်နုပျိုနေပါသေးတယ်၊အဲ့ဒီအတွက်လည်း အကောင်းဆုံး ပြင် ဆင်ထားပါတယ်။ကျွန်တော့်အလုပ်ကို ကျွန်တော်ဘယ်လောက်ချစ်တယ်ဆိုတာ ကျွန်တော့်ကိုသိတဲ့သူတိုင်း သိပါတယ်။ကျွန်တော်က ၁၀၀ ရခိုင်နှုန်း မဟုတ်ဘူး ၂၀၀ ရာခိုင်နှုန်း လုပ်ဆောင်တာပါ။”လို့ ဆေးလ်ဗားက ဆိုပါ တယ်။

အသင်းနည်းပြ လမ်းပတ်ရဲ့ အခွင့်အရေး ပေးလာမှုအပေါ် မလွှတ်ပစ်ရအောင် အကောင်းဆုံး စွမ်းဆောင်မယ်လို့ လည်း ဆေးလ်ဗားက ဆက်လက်ဆိုပါတယ်။

ဆေးလ်ဗားအနေနဲ့ ပီအက်စ်ဂျီအသင်းမှာ လီဂူးဝမ်း ချန်ပီယံ ၇ကြိမ် ရခဲ့သလို ပြီးခဲ့တဲ့နှစ်မှာလည်း ပီအက်စ်ဂျီ အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။

ဆေးလ်ဗားအနေနဲ့ ၂၀၁၀-၁၁ ဘောလုံးရာသီတုန်းက အေစီမီလန်အသင်းမှာ သွားကစားစဥ်ကလည်း စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ခဲ့ပါသေးတယ်။

ဆေးလ်ဗားက သူ့အနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းလာဖို့ မစဥ်းစားခဲ့ဖူးပဲ အဲဒါကလည်း ပရီးမီးယားလိဂ် အသင်းတွေက အမြင့်ဘောတွေကို အဓိကထား ကစားနေလို့ ဖြစ်ပေမယ့် အခုလို ပြောင်းဖို့ လုပ်ဆောင်ရတာက တော့ ကစားပုံ ပြောင်းလဲသွားလို့ဆိုပြီးတော့လည်း ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က