loading...

loading...

loading...

ဗန်ပါစီက ထိပ်ဆုံးမှာရှိနေပါတယ်။
Pyae Phyo Thein

အလန်ရှီးယား၊ အွန်နရီ၊ အဂူရိုတို့လို ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေ၊ နစ္စတယ်ရွိုင်း၊ အိုဝင်၊ ဒရော့ဘာတို့လို ဒိတ်ဒိတ်ကြဲတိုက်စစ်မှူးတွေလည်း ရှိနေခဲ့ပြီး ကမ္ဘာ့အကောင်းဆံးလိဂ်တစ်ခုအဖြစ် ပီပီပြင်ပြင်ရှိခဲ့တာပါ။ 


ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ပရီးမီးယားလိဂ်ကနေ ဂန္ထဝင်တိုက်စစ်မှူးတွေအများအပြားပေါ်ထွက်ခဲ့ပါတယ်။ အလန်ရှီးယား၊ အွန်နရီ၊ အဂူရိုတို့လို ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေ၊ နစ္စတယ်ရွိုင်း၊ အိုဝင်၊ ဒရော့ဘာတို့လို ဒိတ်ဒိတ်ကြဲတိုက်စစ်မှူးတွေလည်း ရှိနေခဲ့ပြီး ကမ္ဘာ့အကောင်းဆံးလိဂ်တစ်ခုအဖြစ် ပီပီပြင်ပြင်ရှိခဲ့တာပါ။ 


သွင်းဂိုးတစ်ဂိုးရရှိဖို့အတွက် ခေါင်း၊ ရင်ဘတ်၊ ဒူး၊ ဘယ်ခြေ၊ ညာခြေတို့ကို အသုံးပြုပြီးတော့ သွင်းယူရတာပါ။ တိုက်စစ်မှူးတိုင်းလိုလိုမှာ ကိုယ်စီအားသန်တဲ့ ဂိုးသွင်းယူမှုအပိုင်းတွေရှိပါတယ်။ ဒါပေမယ့် တချို့ကစားသမားတွေကတော့ သူတို့အားမသန်တဲ့ ခြေထောက်တွေနဲ့ ဂိုးသွင်းယူမှုတွေကိုလည်း အံ့အားသင့်ဖွယ်ရာပြုလုပ်နိုင်တာကို စစ်တမ်းတွေအရ တွေ့ရပါတယ်။ 

ဘောလုံးဆောင်းပါးရှင်တစ်ဦးဖြစ်တဲ့ ဒန်ကန်အလက်ဇန္ဒါးက အားနည်းတဲ့ခြေထောက်နဲ့ ဂိုးကန်သွင်းမှုတွေပြုလုပ်နိုင်ခဲ့တဲ့ ထိပ်တန်းဂိုးသွင်းရှင်တွေကို အခုလိုပဲ စာရင်းပြုစုဖော်ပြခဲ့ပါတယ်။ 

အသင်းအများအပြားမှာကစားခဲ့ပြီးတော့ ဘောလုံးခရီးသည်တစ်ဦးလို့ နာမည်တွင်ခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးအနယ်လ်ကာက ညာသန်ကစားသမားပါ။ ဒါပေမယ့် သူက ဘယ်ခြေနဲ့ ဂိုးကန်သွင်းမှုကနေ ၃၀ ဂိုးအထိ ရရှိခဲ့ပြီး အဆင့် ၉ နေရာမှာ ရှိနေပါတယ်။ အဆင့် ၈ နေရာမှာတော့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဒီဖိုးရှိနေပြီး သူကလည်းပဲ ဂိုးပေါင်း ၃ဝအထိ သွင်းယူပေးခဲ့ပါတယ်။

လီဗာပူးလ်အကျော်အမော်ဟောင်း ရော်ဘီဖောင်လာကလည်း ဘယ်ခြေနဲ့ ဂိုးပေါင်း ၃၀ သွင်းယူကာ အဆင့် ၇၊ ယူနိုက်တက်တိုက်စစ်မှူးဟောင်း လူကာကူကတော့ သူ့ရဲ့အားနည်းချက်ဖြစ်တဲ့ ညာခြေနဲ့ ဂိုးပေါင်း ၃၁ဂိုးအထိရရှိခဲ့ကာ အဆင့် ၆နေရာမှာ အံ့အားသင့်ဖွယ်ရှိနေခဲ့ပါတယ်။ စပါးတိုက်စစ်မှူးဟယ်ရီကိန်းကတော့ ဘယ်ခြေကန်သွင်းချက်ကနေ ၃၁ဂိုးရရှိကာ အဆင့် ၅ နေရာရခဲ့ပါတယ်။ 

အဆင့် ၄ နေရာမှာတော့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က ၃၁ဂိုးသွင်းကာ ရှိနေပါတယ်။ ထိပ်ဆုံး ၃ဦးစာရင်းမှာတော့ အွန်နရီက ဘယ်ခြေကန်ချက်နဲ့ ၃၁ဂိုးသွင်းယူကာ ရှိနေပြီး ဒုတိယနေရာမှာ အဂူရိုကလည်း ဘယ်ခြေကန်သွင်းချက်နဲ့ပဲ ၃၄ ဂိုးရှိခဲ့ကာ ထိပ်ဆုံးနေရာမှာ ရော်ဘင်ဗန်ပါစီက ညာခြေကန်သွင်းချက်နဲ့ ၃၉ ဂိုးအထိရရှိခဲ့ကာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် အားနည်းတဲ့ခြေထောက်နဲ့ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် ဗန်ပါစီက ရှိနေပြီး သူ့စံချိန်ကို ဘယ်ကစားသမားက ကျော်ဖြတ်နိုင်မလဲ စောင့်ကြည့်ရတော့မှာပါ။ 


loading...

က္က