ဝီလျံဟာ ချဲလ်ဆီးနဲ့ ၇နှစ်ကြာ လက်တွဲထားသူလည်းဖြစ်ပါတယ်။
Win Kyaw Min

ဘရာဇီးလက်ရွေးစင်ကစားသမား ဝီလျံနဲ့ချဲလ်ဆီးအသင်းကြား စာချုပ်သက်တမ်းမှာ အခုနှစ်ဘောလုံး ရာသီအ ကုန်တွင် ပြီးဆုံးမှာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမားဖြစ်သူ ဝီလျံအနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်တဲ့အတွ က် အသင်းဘက်ကနေ ကမ်းလှမ်းလာခြင်းကို မျှော်လင့်နေပြီး ့ပရီးမီးယားလိဂ်မှာပဲ ဆက်ကစားချင်တယ်လို့ထု တ်ဖော်ပြောဆိုခဲ့မှုကို thesun က ဖော်ပြလာပါတယ်။

၂၀၁၃ခုနှစ်တွင် ရုရှားကလပ်အန်ဇီအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း ချဲလ်ဆီအသင်းနဲ့အတူ ပရီးမီး ယားလိဂ်၊ ယူရိုပါလိဂ်တို့အပြင် အောင်မြင်မှုများစွာရရှိခဲ့တဲ့ ဝီလျံအနေနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ဆန္ဒရှိနေ ခဲ့တာလည်းဖြစ်ပါတယ်။



“ ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိနေချင်ပါတယ်။ အခြားဘယ်လိဂ်ကိုမှ မပြောင်းရွှေ့ချင်ပါဘူး။ ဘာမဆိုဖြစ်လာနိုင် သလို အပြောင်းအလဲတွေလည်းဖြစ်လာနိုင်ပါတယ်။ ရာသီကုန်မှာတော့ တစ်စုံတစ်ရာကို တိတိကျကျမြင်ရမှာ ပါ ” လို့ ဝီလျံက ထုတ်ဖော်ပြောဆိုလိုက်တာပါ။

အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ ချဲလ်ဆီးအသင်းဘက်က တုံ့ပြန်ပြောဆိုခြင်းမရှိသေးပေမယ့် လန်ဒန်မြို့ခံပြိုင်ဘက်စပါးအသင်းရဲ့နည်းပြမော်ရင်ဟိုကတော့ တပည့်ဟောင်းဖြစ်သူ ဝီလျံကိုခေါ်ယူဖို့စိတ်ဝင် စားနေတယ်လို့ dailymail က အခိုင်အမာဖော်ပြထားပါသေးတယ်။

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် မွေးရပ်မြေဘရာဇီးကို ပြန်သွားပြီး အနားယူနေခဲ့တဲ့ဝီလျံရဲ့ အပြောင်းအရွှေ့သတင်းက အလှုပ်ခတ်ဆုံးဖြစ်နေခဲ့ပြီး စပါးအသင်းအပြင် အရင်က အကြိမ်ကြိမ်ကြိုးပမ်းခဲ့ဖူးတဲ့ ဘာစီလိုနာအသင်းကပါ စိတ်ဝင်စားမှုရှိနေတယ်လို့လည်း စပိန်မီဒီယာအချို့က ဖော်ပြနေကြပါတယ်။


Author


က္က