နောက်ဆုံး ၁၀ နှစ်အတွင်း ဒီနှစ်က အနည်းဆုံး ပွဲထွက်ခွင့် ဖြစ်လာတယ်လို့ သိရပါတယ်။
Kyaw Ko Ko Sint

အင်္ဂလိပ် ကစားသမားတွေရဲ့ ဒီနှစ်မှာ ပွဲထွက်ပါဝင်နိုင်မှုက ၃၀ ရာခိုင်နှုန်းသာရှိပြီး ထိပ်သီး ၆သင်းမှာ ဆိုရင်လည်း ၁၉.၉ ရာခိုင်နှုန်းသာ ရှိတယ်လို့ သိရပါတယ်။

ပြီးဆုံးခဲ့ပြီဖြစ်တဲ့ ၂၀၁၈-၁၉ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ပါဝင်ကစားခဲ့ကြတဲ့ ကလပ်အသင်း ၂၀ က ပွဲထွက်ကစားသမားစာရင်းတွေမှာ အင်္ဂလန်ကစားသမားတွေ ပါဝင်ကစားနိုင်မှုဟာ ၁၀ နှစ်အတွင်း အနိမ့်ဆုံး ဖြစ်နေတယ်လို့ BBC SPORT သတင်းဌာနက စစ်တမ်းထုတ်ဖော်ပြထားပါတယ်။



ဒီနှစ်ဘောလုံးရာသီမှာ အင်္ဂလိပ်ဘောလုံးသမား ပွဲထွက်ပါဝင်နိုင်မှုက ၃၀ ရာခိုင်နှုန်းသာရှိခဲ့ပြီး မနှစ်က ၃၃.၂ ရာခိုင်နှုန်းအထိ ရှိခဲ့တာကြောင့် နိမ့်ကျလာတာ တွေ့ရမှာပါ။ ဒီအခြေအနေက အင်္ဂလိပ်ဘောလုံးလောကမှာ နောက်ဆုံး ၁၀ နှစ်အတွင်း အနိမ့်ဆုံး စစ်တမ်းလည်း ဖြစ်လာခဲ့ပြီး အမြင့်ဆုံး စစ်တမ်းကတော့ ၂၀၁-၁၂ ဘောလုံးရာသီမှာ ၃၈ ရာခိုင်နှုန်းအထိရှိခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို ကလပ်အသင်းတွေမှာ အင်္ဂလိပ်ကစားသမားတွေ ပွဲထွက်ကစားနိုင်တဲ့ နှုန်း ကျဆင်းလာတဲ့အပေါ်မှာ တော့ ပြင်ဆင်သင့်ပြီလို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ထောက်ပြခဲ့ပါတယ်။

“သိသာတဲ့ နှုန်းထားပါပဲ၊ ဆုံးဖြတ်ချက်တစ်ခုခုတော့ ချဖို့ လိုနေပါပြီ၊ ဒီစနစ်ကို ပထမဆုံး ပြင်ဆင်ဖို့ လိုပါ မယ်၊ ဒီအခြေအနေကိုကြည့်ပြီး ကျွန်တော်တို့ဟာ အရမ်းတိုးတက်နေပြီလို့ မဆိုနိုင်ပါဘူး။ ဒါက အရေးကြီးတဲ့ ပြသနာလို့ မြင်ပါတယ်။”လို့ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး ၆ သင်းမှာလည်း ဒီနှစ်မှာ အင်္ဂလန် ကစားသမား ပွဲထွက်ပါဝင်နိုင်မှုက ၁၉.၉ရာခိုင် နှုန်းသာ ရှိနေပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ ၂၀၁၈ မှာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အထိ တက်လှမ်းခဲ့သလို ဒီနှစ်ဘောလုံးရာသီမှာ ဆိုရင်လည်း ဥရောပအဆင့် ပြိုင်ပွဲ နှစ်ရပ်စလုံးမှာ အင်္ဂလိပ်အသင်း ၄ သင် းဗိုလ်လုပွဲတက်လှမ်းထားပါတယ်။ ဒါပေမယ့်လည်း လိဂ်ကနေ အင်္ဂလန်အသင်းအတွက် ပျမ်းမျှ ၁၅ ရာခိုင်နှုန်းသာ အကျိုးပြုနေနိုင်တဲ့အကြောင်း ဆောက်ဂိတ်က ရှင်းပြလာပါတယ်။

“ နောက်ဆုံး ၇ နှစ် ၈ နှစ်လောက်ကို ပြန်ကြည့်လိုက်ရင် ၁၅ ရာခိုင်နှုန်းလောက်ပဲ ကျန်ပါတော့တယ်။အဓိက အကြောင်းကတော့ ကမ္ဘာ့စီးပွားရေး ဈေးကွက်ကြီးကို ဒီကို ရောက်လာလို့ပါ။ဒါက ကျွန်တော်တို့အတွက် အန္တာရယ် အရမ်းရှိနေပါပြီ။” လို့ ောဆာက်ဂိတ်က ဆက်လက်ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းကတော့ လာမယ့် ဇွန်လ ၃ ရက်နေ့မှာ နေးရှင်းလိဂ်ပွဲကစားဖို့ စခန်းဝင်လေ့ကျင့်မှာ ဖြစ်ပြီး ဇွန်လ ၇ ရက်နေ့မှာတော့ နယ်သာလန်အသင်းနဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်အဖြစ် ကစားပါမယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က