လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲကျန်ကစားရဖို့ရှိနေတာပါ။
Win Kyaw Min

ပွဲစဉ် ၂၃တွင် ယူနိုက်တက်ကို ၂-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက် အဆင့်-၂နေရာက မန်စီးတီးအသင်းကို  ရမှတ် ၁၆မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ပရီးမီးယားလိ်ဂ်ပွဲစဉ် ၂၃ အပြီး ရှုံးပွဲလုံးဝမရှိသေးတဲ့ လီဗာပူးအသင်းအနေနဲ့ ရာသီကုန်ဆုံးဖို့ ၁၆ပွဲကျ န်ရှိနေသေးတဲ့အချိန်မှာ ၁၁ပွဲသာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဆယ်စုနှစ် ၃ခုကျော်အကြာက ပြည်တွင်းအမှ တ်ပေးချန်ပီယံဆုဖလားကို ပြန်လည်ရယူနိုင်တော့မှာဖြစ်တယ်လို့ soccerway ရဲ့မှတ်တမ်းများအရသိ ရပါတယ်။

လီဗာပူးအသင်းအနေနဲ့ အင်္ဂလန်အမှတ်ပေးချန်ပီယံဆုဖလားကို ၁၉၈၉-၉၀ က နောက်ဆုံးရရှိခဲ့ပြီး ပ ရီး မီးယားလိဂ်လို့ အမည်ပြောင်းလဲခဲ့တဲ့ ၁၉၉၂ခုနှစ်ကစပြီး အမှတ်ပေးချန်ပီယံဆုရရှိခဲ့ခြင်းမရှိေ တာ့ တာလည်းဖြစ်ပါတယ်။



လက်ရှိပရီးမီးယားလိဂ်ပွဲစဉ် ၂၃အပြီး ၁ပွဲလျော့၂၂ပွဲကစားထားခဲ့ရာမှာဒုတိယနေရာကနှစ်နှစ်ဆက်ချန် ပီယံ မန်စီးတီးအသင်းကို ရမှတ် ၁၆မှတ်အထိဖြတ်ထားနိုင်ခဲ့ခြင်းကြောင့် လက်ကျန်ပွဲစဉ် ၁၆ပွဲမှာ ၅ပွဲ အထိရှုံးနိမ့်ခဲ့ရင်တောင် အမှတ်ပေးဇယားထိပ်ပိုင်းမှာ ဆက်ပြီးရပ်တည်နိုင်မှာဖြစ်လို့ ချန်ပီယံဖြစ်ဖို့ သ ချာင်္နည်းအရ ၈ဝရာခိုင်နှုန်းအထိသေချာခဲ့ပြီဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေ အကြား သုံးသပ်မှု တွေ ရှိနေခဲ့တာပါ။

မှတ်တမ်းတွေအရ လီဗာပူးအသင်းအနေနဲ့ ပြည်တွင်းပွဲစဉ်တွေမှာ ၃၉ပွဲဆက်တိုက် ရှုံးပွဲမရှိရလဒ်ကိုရရှိ ထားပြီးဖြစ်ပြီး ဝုလ်ဗာဟမ်တန်ကိုရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာရလဒ်ကောင်းခဲ့ပါက ပွဲ၄ဝနဲ့စံချိ န်တင်ထားတဲ့ ချဲလ်ဆီးအသင်းရဲ့ စံချိန်ကိုလို်က်မီနိုင်မှာဖြစ်သလို အာဆင်နယ်အသင်းရဲ့၄၉ပွဲစံချိန်ကို လည်း ချိုးဖျက်နိုင်ဖို့ အခွင့်အရေးတစ်ရပ်ရရှိမှာလည်းဖြစ်ပါတယ်။

လီဗာပူးအသင်းအနေနဲ့ လက်ရှိခြေစွမ်း၊ ရလဒ်ကိုသာ ဆက်ထိန်းထားနိုင်ခဲ့မယ်ဆိုရင် မှတ်တမ်းစံချိန် သစ်များရရှိမှာဖြစ်ပြီး အိမ်ကွင်းပွဲစဉ် ၁၂ပွဲအထိအနိုင်ရထားပြီးဖြစ်တဲ့အတွက် ချဲလ်ဆီး၊ မန်စီးတီး၊ ယူ နိုက်တက်တို့တင်ထားတဲ့ တစ်ရာသီအတွင်း အိမ်ကွင်းနိုင်ပွဲ ၁၈ပွဲရရှိတဲ့ မှတ်တမ်းကောင်းကိုလိုက်မီနို င်ဖို့လည်း ရှိနေခဲ့ပါတယ်။


Author


က္က