ကြာသပတေး‌နံနက်(ဒီကနေ့)မှာပဲ ဆုံးဖြတ်အတည်ပြုလိုက်တာလို့ သိရပါတယ်။
Kyaw Ko Ko Sint

အိမ်နီးချင်းလိဂ်တွေ နားတာကနား၊ကွင်းပိတ်တာကပိတ်လုပ်နေချိန်ထိ ပရီးမီးယားလိဂ်က တစ်ခုမျှလုပ်ဆောင် ခဲ့ခြင်းမရှိခဲ့ပဲ အခုမှ စတင် ကွင်းပိတ်တာပါ။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက် ဗြိတိန်အစိုးရက လက်ကျန် ပရီးမီးယားလိဂ်ပွဲတွေကို ယခု တစ်ပတ်ကစတင်ပြီး ကွင်းပိတ်ကစားစေမယ်လို့ သတင်းထုတ်ပြန်လိုက်တယ်လို့ Mirror သတင်းဌာနက ဖော်ပြ လာပါတယ်။

ဒီဆုံးဖြတ်ချက်အတွက် အရေးပေါ် အစည်းအဝေးကို ကြာသပတေးနံနက်က ကျင်းပပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ခဲ့တာ လို့လည်း သိရပါတယ်။

အခုလိုအရေးပေါ် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တဲ့အတွက် ပရီးမီးယားလိဂ်ပရိသတ်တွေ အတွက်တော့ တကယ်ကို အကြပ်ရိုက်စေခဲ့ပါပြီ။

အခုလို လုပ်ဆောင်လိုက်ခြင်းက ပရီးမီးယားလိဂ်ပွဲတွေကို ပွဲမရွှေ့ချင်တဲ့အတွက်ကြောင့်လို့လည်း အများပြည်သူ ကို ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒါကြောင့် အခုတစ်ပတ်ကစတင်ပြီး ပရီးမီးယးလိဂ်ပွဲကို လာလီဂါ၊ပြင်သစ်လိဂ်တို့နည်းတူ ကွင်းပိတ် ကစားစေ တော့မှာ လည်း ဖြစ်ပြီး စီးရီးအေက‌တော့ ဧပြီလ ၃ ရက်နေ့အထိ ပွဲနားထားပါတယ်။

အခုလို ပွဲတွေကို ကွင်းပိတ်လိုက်လို့ တစ်ရာသီလက်မှတ်ဝယ်ထားသူတွေ၊တစ်ပွဲချင်း လက်မှတ်ဝယ်ထားသူတွေ လည်း ရုပ်သံကနေပဲ အားပေးနိုင်တော့မှာပါ။

ဒါပေမယ့်ပွဲတွေကိုတော့ အများပြည်သူ အလွယ်တကူကြည့်ရှုနိုင်မယ့် ယမကာဆိုင်တွေမှာ ထုတ်လွင့်ပြသသွား မှာမဟုတ်ပြ တရားဝင် ရုပ်သံလိုင်းတွေကနေပဲ တစ်ရာသီစာ လက်မှတ်ကိုင်‌ဆောင်ထားသူတွေနဲ့ လက်မှတ်ကြိုဝ ဝယ်ထားကြသူတွေအတွက် ဦးစားပေး ပြသပေးသွားမယ်လို့လည်း သိရပါတယ်။


က္က