ညှိနှိုင်းမှုတွေဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။
Win Kyaw Min

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်များကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ရပါက ရုပ်သံ လိုင်းများတွင် အခမဲ့ကြည့်ရှု့ခွင့်ရရှိဖို့အတွက် စီစဉ်နေတာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်တာဝန်ရှိသူတွေအနေနဲ့ ဥရောပနိုင်ငံအများစုကို ခြိမ်းခြောက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကြောင့် ကွင်းပိတ်ကစားခဲ့ရပါက နိုင်ငံအဝှမ်းရှိ ပရိသတ်အားလုံးအတွက် အခပေးရုပ်သံလိုင်းများအားလုံးကို အ ခမဲ့ကြည့်ရှုခွင့်ပေးဖို့ရှိနေတယ်လို့ mirror.co.uk က ဖော်ပြလာပါတယ်။

လက်ရှိမှာ ဥရောပနိုင်ငံတွေဖြစ်တဲ့ အီတလီ၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံတွေမှာ ရောဂါပိုးကူးစက်ခံရသူများ မြင့်တက် လာသလို သေဆုံးသူအရေအတွက်လည်း များပြားလာခဲ့တဲ့အတွက် သက်ဆိုင်ရာအစိုးရအာဏာပိုင်များအနေနဲ့ အခုလိုမျိုး စီစဉ်နေရတာလည်းဖြစ်ပါတယ်။



သတင်းထွက်ပေါ်မှုတွေအရ ပရီးမီးယားလိဂ်အသင်းအများစုအနေနဲ့ကလည်း ပရိသတ်များအတွက်အပြင် ရုပ် သံထုတ်လွှင့်မှုများကြောင့် ပွဲစဉ်များရွှေ့ဆိုင်းရန်အလိုမရှိကြသလို ကွင်းပိတ်ကစားခဲ့ရပါလည်း ရုပ်သံကနေအ ခမဲ့ထုတ်လွှင့်ပေးလိုနေကြတယ်လို့လည်း သိရပါတယ်။

အစောပိုင်းသတင်းဖော်ပြမှုများမှာတော့ ဗြိတိန်အာဏာပိုင်များအနေနဲ့ ဘယ်အားကစားပွဲကိုမှ ရွှေ့ဆိုင်းဖို့မရှိဘူး လို့ ကြေညာထားပေမယ့် ပရိသတ်မပါဘဲကွင်းပိတ်ကစားနိုင်တဲ့အခြေအနေတော့ရှိနေတယ်လို့ thesun ကသုံး သပ်ဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ်ကစပြီး လက်ရှိအချိိန်အထိ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးကို ရုပ်သံထုတ်လွှင့်ခွင့်ရရှိထားတဲ့ BT SPORTS အနေနဲ့ တစ်ကမ္ဘာလုံးအနှံ့ကို ထုတ်လွှင့်ပြသနေခဲ့တာဖြစ်ပြီး ညှိနှိုင်းမှုအဆင်ပြေခဲ့ပါက ပွဲစဉ်အား လုံးကို အခမဲ့ကြည့်ရှု့ခွင့်ရရှိမယ့်အပြင် လူမှုကွန်ယက်စာမျက်နှာတွေမှာပါ ကြည့်ရှု့ခွင့်ရဖို့ရှိနေတယ်လို့လည်း သတင်းဖော်ပြမှုများရှိနေခဲ့ပါတယ်။


က္က