ရာသီဝက် ချန်ပီယံ ဖြစ်ခဲ့ပါပြီ။

၁၈ ပွဲကစားအပြီး ဒုတိယနေရာက အသင်းကို တစ်ပွဲလျော့ ၁၃ မှတ်ဖြတ်ထားနိုင်တာကြောင့် ရာသီဝက် ချန်ပီယံ ဖြစ်ခဲ့ပြီ ဖြစ်ပါတယ်။

လက်စတာကို အဝေးကွင်းမှာ ၄ဂိုးပြတ်အနိုင်ယူပြီးနောက် ၂၀၁၉-၂၀ ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ ထိပ်ဆုံးက အမှတ်ဖြတ်ဦးဆောင်ထားနိုင်နေတဲ့လီဗာပူးအသင်းနည်းပြ ကလော့ပ်က ချန်ပီယံဆုနဲ့ ပတ်သက်ပြီး ဘာမှ မခံစားနေသလို တွေးလည်းမတွေးဘူး ဘာမှတ်ချက်မှလည်း မပေးဘူးလို့ ထုတ်ဖော်ပြောလာခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။





“လက်စတာကို နိုင်တာ ပွဲကောင်းတစ်ပွဲပဲ ဖြစ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်မချခင် အရင်ဆုံး တွေးပါ၊ပြောင်းလဲသွား တာက အမှတ် ကွာဟမှုပါ။ဒီအပေါ်မှာတော့ ဘာမှ ခံစားမနေပါဘူး။တစ်ခုခုလည်း မှတ်ချက်မပေးချင်ပါဘူး၊ဘယ် သူ့ကိုမှလည်း လက်တို့မနေပါဘူး။နောက်တစ်ပွဲကိုပဲ အာရုံစိုက်ထားပါတယ်။”လို့ ကလော့ပ်က ပြောသွားပါတယ်။

လီဗာပူးအနေနဲ့ ဒီဇင်ဘာ ပွဲကြပ်ကာလမှာ ဝုလ်၊ရှက်ဖီး၊အဲဗာတန်၊စပါး၊မန်ချက်စတာယူနိုက်တက်အသင်းတို့နဲ့ ဆက်တိုက်ကစားရဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းကတော့ လက်ရှိမှာ ၁၈ ပွဲကစားအပြီး ရမှတ် ၅၂ မှတ်နဲ့ ဒုတိယနေရာက လက်စတာကို တစ်ပွဲလျော့ ကစားပြီး ၁၃ မှတ်ထိ အမှတ်ဖြတ်ထားနိုင်ပါပြီ။

ရာသီဝက် ချန်ပီယံဖြစ်ဖို့ သေချာနေခဲ့ပြီ ဖြစ်ပြီး ဒီနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ရရှိဖို့ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်နေတာပါ။

ယခင် ပထမတန်းဖလားအဖြစ် နာမည်သုံးကျင်းပခဲ့တုန်းကတော့ ၁၈ကြိမ် ချန်ပီယံ ဖြစ်ထားပေမယ့် ပရီးမီးယား လိဂ်လို့ အမည်ပြောင်းကျင်းပတဲ့ အချိန်ကစပြီးချန်ပီယံမဖြစ်ဖူးသေးတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က