မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဗာပူးအသင်းနဲ့ ၁၉ မှတ်အထိထ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။
Kg Htet

ယမန်နေ့ညက အန်းဖီးလ်ကွင်းမှာ လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်ကို မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်လာရောက်ကြည့်ရှုခဲ့ပြီး မန်ယူအသင်းရှုံးနိမ့်နေချိန်မှာ စိတ်ပျက်နေတဲ့ပုံကို ရုပ်သံကင်မရာက အမိအရ ရိုက်ကူးထားနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဗာပူးအသင်းနဲ့ ၁၉ မှတ်အထိထ ကွာဟသွားခဲ့ပြီဖြစ်ပြီး နည်းပြမော်ရင်ဟိုကတော့ ရာသီကုန်ဆုံးချိန်မှာ အဆင့် ၄ နေရာလောက်တော့ ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တယ်လို့ RTE ရဲ့သတင်းအရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဗာပူးအသင်းရဲ့ တစ်ဖက်သတ်လွှမ်းမိုးမှုကို ခံခဲ့ရပြီး ပထမပိုင်း ၂၄ မိနစ်မှာ ဖေဘင်ဟိုရဲ့လျှပ်တပြက်ဖြတ်တင်ပေးပို့မှုကနေတစ်ဆင့် မာနေးက အဖွင့်ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။



၃၃ မိနစ်မှာ ဂျက်ဆီလင်ဂတ်က လီဗာပူးအသင်းကို ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ဲပြီး ပထမပိုင်းအပြီးမှာ တစ်ဖက် ၁ ဂိုးစီနဲ့ သရေကျနေခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း မိနစ် ၇၀ မှာ နဘီခီတာကို ထုတ်ပြီး ရှာကွီရီကို ထည့်သွင်းဖို့ဆုံးဖြတ်ခဲ့တဲ့ ယာဂင်ကလော့ပ်ရဲ့ဆုံးဖြတ်ချက်ဟာ မှန်ကန်ခဲ့ပါတယ်။

ရှာကွီရီဟာ ၇၃ မိနစ်နဲ့ မိနစ် ၈၀ တွေမှာ လီဗာပူးအသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးတွေ သွင်းယူပေးခဲ့ပြီး ၃ ဂိုး ၁ ဂိုးဖြစ်သွားချိန်မှာ ရုပ်သံကင်မရာတွေဟာ မန်ယူအသင်းအမှုဆောင်အရာရှိချုပ်ဟောင်း ဒေးဗစ်ဂေးလ်နဲ့အတူ ထိုင်နေတဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ကို ရိုက်ပြခဲ့ပါတယ်။

ဖာဂူဆန်ဟာ နည်းပြမော်ရင်ဟိုရဲ့လက်အောက်မှာ ဖရိုဖရဲဖြစ်နေတဲ့ ၎င်းရဲ့မန်ယူအသင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရတာကြောင့် မယုံနိုင်အောင် ဖြစ်ခဲ့ပြီး စိတ်ပျက်ဝမ်းနည်းစွာနဲ့ ခေါင်းတခါခါ ဖြစ်နေခဲ့တာကို ရုပ်သံဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က