ပရိသတ်ကို ပြန်တောင်းပန်သင့်တယ်လို့ နည်းပြက အကြံပြုပေးခဲ့ပါတယ်။

ပဲလေ့စ်နဲ့ ၂ ဂိုးစီ သရေကျတဲ့ပွဲမှာ လူစားလဲခံရချိန် ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာပါ။

ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကြောင့် ဒေါသထွက်ခဲ့ရတဲ့ ဇာခါရဲ့ ပြဿာတွေကို အာဆင်နယ်အသင်းက ကူညီဖြေရှင်းပေးသွားဖို့ လုပ်ဆောင်နေပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



ခရစ္စတယ်ပဲလေ့စ်ကို ၂-၀ နဲ့ နိုင်နေချိန်မှာ ဆာကာနဲ့လူစားလဲခံခဲ့ရပြီး ကွင်းအတွင်းကထွက်လာချိန်မှာတော့ အသင်းပရိသတ်တွေကပဲ ဇာခါကို လှောင်ပြောင်ခဲ့ကြတာပါ။

ဒီလှောင်ပြောင်မှုတွေအပေါ်မှာတော့ ဇာခါက လက်ကို နားနားကပ်ပြီး ပြောကြာစမ်းပါဆိုတဲ့ အပြုအမူမျိုးနဲ့ ပြန်လည်ပြုမူခဲ့ပြီး ပရိသတ်နဲ့ တင်းမာမှုတွေ ဖြစ်ခဲ့ကြတာပါ။

“ သူအရမ်းစိတ်မကောင်းဖြစ်နေတယ်။ပရိသတ်က သူ့ကို မနှစ်သက်တဲ့အတွက် မနေ့ကရော ဒီနေ့ရော သူဝမ်း နည်းနေပါတယ်။” လို့ အမ်မရီက ပြောခဲ့ပါတယ်။

ဒါ့အပြင် အသင်းခေါင်းဆောင် တာဝန်ပေးခြင်း မပေးတော့ခြင်း အပေါ်မှာတော့ နည်းပြ အမ်မရီက တစ်စုံတရာ မှတ်ချက်မပေးခဲ့ပါဘူး။

“ လေ့ကျင့်ရေးမှာ သူ့ရဲ့ လုပ်ဆောင်မှုတွေက အင်မတန်ကောင်းမွန်ပါတယ်။ သူမှားခဲ့တယ်ဆိုတာကိုလည်း သူ့စိတ်ထဲမှာ အင်မတန်နောင်တရနေပါတယ်။” လို့ အမ်မရီက ဆက်လက်ပြောပါတယ်။



တဆက်တည်းမှာပဲ ဇာခါအနေနဲ့ ပရိသတ်ကို ပြန်တောင်းပန်သင့်ပြီး အသင်းကိုတော့ ပြန်တောင်းပန်စရာမလိုကြောင်းလည်း အကြံပြုခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ လက်ရှိမှာ ကာရာဘောင်ဖလားပြိုင်ပွဲကနေ လီဗာပူးကို ပင်နယ်တီနဲ့ အရေးနိမ့်လို့ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က