loading...

loading...

loading...

မန်စီးတီးနဲ့ပွဲစဉ်မှာ တုံ့ပြန်သွားမယ်လို့ ပြောခဲ့တာပါ။
Kg Htet

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာ စိတ်ဓာတ်ခွန်အားနည်းပါးနေခြင်းမရှိကြောင်း ပြောကြားခဲ့တာပါ။

အက်ရှ်လေယန်းက မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲဗာတန်ကို အရှက်ရဖွယ်ရှုံးနိမ့်ခဲ့မှုကို လာမယ့်ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာ တုံ့ပြန်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယမန်နေ့ညက အဲဗာတန်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားနဲ့ ဂိုးသမား ဒီဂီယာတို့ဟာ အဲဗာတန်အသင်းနဲ့ပွဲစဉ်က ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကြောင့် ပရိသတ်တွေကို တောင်းပန်ခဲ့ကြပါတယ်။

“ကျွန်တော်တို့ ပရိသတ်တွေကို တောင်းပန်ခဲ့ရပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့မှာ မန်ချက်စတာဒါဘီလို ခက်ခဲတဲ့ပွဲတစ်ပွဲကစားဖို့ရှိနေပါတယ်”

“အဲဒီပွဲစဉ်က ဘယ်လောက်အထိ အရေးကြီးလာမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ တကယ်လို့ ခင်ဗျားသာ ခင်ဗျားဘာသာ မန်ချက်စတာဒါဘီအတွက် မပြင်ဆင်ထားနိုင်ဘူးဆိုရင် တစ်ခုခုတော့ မှားနေပါပြီ”

“ကျွန်တော် ယုံကြည်ချက်ရှိနေပြီး လာမယ့်ဗုဒ္ဓဟူးနေ့အတွက် ကျွန်တော်တို့ အဆင်သင့်နေမှာပါ။ ဒီနေ့(တနင်္ဂနွေနေ့)ကတော့ စိတ်ပျက်စရာနေ့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ကျဆင်းနေတဲ့စိတ်ဓာတ်ကို လျင်လျင်မြန်မြန်ပြင်ဆင်ပြီး ဒီအပတ်မှာ နောက်ထပ်တစ်ကြိမ် ယှဉ်ပြိုင်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က