ပေါင် သန်း ၅၀၀ ကုန်ကျမှာပါ။
Kyaw Ko Ko Sint

ပရိသတ် ၅၂၀၀၀ထိ ဝင်ဆံ့နိုင်တဲ့ ကွင်းသစ်ကို ၂၀၂၃-၂၄ ခုနှစ်မှာ စတင် အသုံးပြုနိုင်ရန် တည်ဆောက်သွားမယ်လို့ သိရပါတယ်။

အဲဗာတန်အသင်းကတော့ ပေါင် သန်း ၅၀၀ ကုန်ကျမယ့် ရေပေါ်ဘောလုံးကွင်းကြီးကို အနာဂတ်မှာ အသုံးပြုသွားတော့မယ့်အကြောင်း ပရိသ်တွေကို ထုတ်ဖော်ပြသခဲ့ပြီလို့ Daily Mail သတင်းဌာနက ဖော်ပြပါတယ်။



-Animation Video ကြည့်ရှုရန်

၂၀၂၃-၂၄ ဘောလုံးရာသီမှာ စတင်အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပြီး ဘောလုံးကွင်းရဲ့ စိတ်ဝင်စားဖွယ် အကောင်းဆုံးအပိုင်းကတော့ တောင်ဖက် ပွဲကြည့်စင်ကို ပရိသတ် ၁၃၀၀၀ အထိ ဝင်ဆံ့အောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ဒီလို တည်ဆောက်ရခြင်းကလည်း ဘွန်ဒက်လီဂါမှာ ဒေါ့မွန်အသင်းရဲ့ အမာခံပရိသတ်တွေ ဝါထိန်နေအောင် အားပေးသလို အဲဗာတန်အသင်းရဲ့ ပရိသတ်တွေက ရေပြာရောင်နဲ့အတူ အပြာရောင်လွှမ်းနေအောင် ဆူညံသံတွေနဲ့တကွ အားပေးနိုင်ရန် ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

ရေပေါ်ဘောလုံးကွင်းဖြစ်တဲ့အတွက် ပင်လယ်ဆိပ်ကမ်းမှာ တည်ဆောက်သွားမှာ ဖြစ်ပြီး တည်ဆောက်မယ့် နေရာကိုလည်း အချိုးကျ တွက်ယူထားပြီး ဖြစ်တယ်လို့ ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

ဆောက်လုပ်ရေး စီမံကိန်းရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှ တင်သွင်းနိုင်မယ်လို့ သိရပြီး အဲ့ဒီနောက် ၃ နှစ်စီမံကိန်းနဲ့ ၂၀၂၀ မှာ စတင်တညဆောက်မှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အိမ်ကွင်းအဖြစ် ပရိသတ် ၃၉၅၇၂ ဦးဝင်ဆံံ့တဲ့ ဂွတ်ဒီဆင်ပတ်ကို အသုံးပြုနေပြီး ကွင်းသစ်ပြီးပါကပရိသတ် ၅၂၀၀၀ အထိ ဝင်ဆံ့လာမယ်လို့လည်း သိရပါတယ်။

ကွင်းဟောင်းကိုတော့ အိမ်ကွင်းလေ့ကျင့်ရေးအဖြစ်လည်းကောင်း၊ ကျန်းမာရေးနဲ့ ပညာရေးစင်တာအဖြစ် လည်းကောင်း၊ လုပ်ငန်းနဲ ပတ်သက်တဲ့ အချက်အလက်တွေကို ပြသတဲ့နေရာအဖြစ်လည်းကောင်း ဆက်လက်ထားရှိ သွားမယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း အခုအသစ်တည်ဆောက်မယ့် စီမံကိန်းကို ကောင်စီက အတည်ပြုပေးဖို့ လိုအပ်နေသေးပြီး အတည်ပြုပေးခဲ့ပါက မြို့တော်ရဲ့ အဓိက စီးပွားရေးကို မြှင့်တင်ပေးနိုင်မယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က