ပြိုင်ဘက်အသင်းဟောင်းနဲ့ပတ်သက်ပြီး အမုန်းတရားတွေက ရှိနေဆဲဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရိသတ်တွေကို လာရောက်ကြည့်ရှုခွင့်မပေးခဲ့လို့ လီဗာပူးလ်ပရိသတ်တွေအနေနဲ့ အသင်းရဲ့သမိုင်းဝင်အခိုက်အတန့်ကို ကွင်းအတွင်းကကြည့်ရှုခွင့်ဆုံးရှုံးခဲ့ရပါတယ်။


Sky Sports ရဲ့ အစီအစဉ်တင်ဆက်သူအဖြစ်တာဝန်ယူနေတဲ့ ယူနိုက်တက်ကစားသမားဟောင်းအီဗရာက လီဗာပူးလ်အသင်းရဲ့ ပရိသတ်မပါဘဲ ဆုဖလားအောင်ပွဲခံနေခဲ့ရမှုအပေါ်မှာ လှောင်ပြောင်မှုတွေပြုလုပ်သွားခဲ့ပါတယ်။ ချယ်လ်ဆီးကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ လီဗာပူးလ်ဟာ သူတို့ရဲ့ အမှတ်ပေးဖလားကို တရားဝင်ကိုင်မြှောက်ပြီး အောင်ပွဲခံခဲ့တာလည်းဖြစ်ပါတယ်။

အန်ဖီးလ်မှာ လီဗာပူးလ်က ချယ်လ်ဆီးကို ၅-၃ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေကို မြင်တွေ့ခဲ့ရပါတယ်။ ပွဲအပြီးမှာ လီဗာပူးလ်က ဆုဖလားချီးမြှင့်ခံခဲ့ရပြီး ပရိသတ်တွေမရှိဘဲ အောင်ပွဲခံခဲ့ရတာကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ ပရိသတ်မပါဘဲ အောင်ပွဲခံရတဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရိသတ်တွေကို လာရောက်ကြည့်ရှုခွင့်မပေးခဲ့လို့ လီဗာပူးလ်ပရိသတ်တွေအနေနဲ့ အသင်းရဲ့သမိုင်းဝင်အခိုက်အတန့်ကို ကွင်းအတွင်းကကြည့်ရှုခွင့်ဆုံးရှုံးခဲ့ရပါတယ်။ Sky Sports ရဲ့ အစီအစဉ်တင်ဆက်သူဖြစ်တဲ့ ဒေးဗစ်ဂျံုံးစ်ကတော့ ဒါဟာ လီဗာပူးလ်ချန်ပီယံဖြစ်တာကို ဘယ်လိုအပြောင်းအလဲမှမဖြစ်စေဘူးလို့ ဆိုပါတယ်။

"ပက်ထရစ်ကတော့ ပရိသတ်တွေ အဲဒီမှာမရှိတာကို မြင်ရတဲ့အပေါ် ဝမ်းသာနေပါတယ်၊ အဲဒါက လီဗာပူးလ်ကို ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်အောင် လုပ်လို့မရခဲ့ပါဘူး၊ သူတို့က ဆုဖလားကို ရယူပြီးခဲ့ပါပြီ" လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အီဗရာကတော့ အဲဒီပြောဆိုမှုအပေါ်မှာ အခုလိုပဲ ပွင့်ပွင့်လင်းလင်းတုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။

"အိုး.. ကျွန်တော်သိတာပေါ့၊ ဒါပေမယ့် နှစ်ပေါင်း ၃ဝလောက် ကြာအပြီးမှာမှ သူတို့တွေ အမှတ်ပေးဖလားရတာထင်တယ်၊ ဒါပေမယ့် ပရိသတ်တွေနဲ့ သူတို့အတူတကွအောင်ပွဲမခံနိုင်တာက တကယ်ပျော်ရွှင်စရာပါ" လို့ အီဗရာက ပြောဆိုခဲ့ပါတယ်။ ဒါဟာ ကစားသမားဘဝမှာ အခါးသီးဆုံးပြိုင်ဘက်ဖြစ်ခဲ့တဲ့ လီဗာပူးလ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို အီဗရာက ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဖော်ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။ 





က္က