စိတ်အားထက်သန်မှုလျော့ပါးတယ်လို့ ယုံကြည်နေကြတာပါ။
Pyae Phyo Thein

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေမရပ်ဆိုင်းခင်မှာဘဲ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့မှာ ကွင်းပိတ်ကစားမှုတွေရှိခဲ့ပါတယ်။


ပရီးမီးယားလိဂ်ကလပ်အသင်းတွေအနေနဲ့ ပရိသတ်မပါဘဲကစားရမယ့် အခြေအနေအပေါ်မှာ စိတ်ကျေနပ်မှုမရှိဘူးလို့ စပါးအသင်းကွင်းလယ်လူဟယ်ရီဝင့်ခ်က ပြောဆိုလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်းထားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပြန်လည်ကျင်းပရာမှာ ကွင်းပိတ်ကစားသွားမှာဖြစ်ပြီး ကစားသမားတွေအတွက် မတူညီတဲ့အခြေအနေတွေအောက်မှာ မကစားချင်ကြဘူးလို့ ဝင့်ခ်က ပြောဆိုခဲ့တာပါ။ 

ပရီးမီးယားလိဂ်ကတော့ ပွဲစဉ်ပေါင်း ၉ ပွဲအထိ ကစားဖို့ရှိနေတာဖြစ်ပြီး စုစုပေါင်းပွဲ ၉၀ အထိကစားသွားရမှာလည်းဖြစ်ပါတယ်။ ဒီအတွက် လုံခြုံစိတ်ချရတဲ့ ကွင်းတွေမှာ ကစားသွားဖို့စီစဉ်ထားပြီး ရောဂါကာကွယ်ရေးတစ်စိတ်တစ်ပိုင်းအဖြစ် ပရိသတ်မပါဘဲ ကစားသွားမှာဖြစ်ကာ ကျန်းမာရေးစစ်ဆေးမှုတွေကိုလည်း တင်းတင်းကြပ်ကြပ်စစ်ဆေးသွားဖို့ ရှိနေပါတယ်။ 

ဟယ်ရီဝင့်ခ်က BBC Radio 5 Live ကတဆင့် "ဒါကဖြစ်နိုင်ချေတစ်ခုဖြစ်နိုင်ပါတယ်၊ ကစားသမားတိုင်းလိုချင်တဲ့အရာမျိုးတော့မဟုတ်ပါဘူး၊ ပရိသတ်တွေမပါဘဲ ကစားရမယ်ဆိုတဲ့အနေအထားက ထူးဆန်းနေပါတယ်၊ ပရိသတ်တွေရှိမှ ဘောလုံးပွဲ၊ ဖိအားတွေဆိုတာဖြစ်လာတာပါ၊ ကျွန်တော်တို့က ပရိသတ်တွေအတွက် ကစားနေတာပါ"

"ဒါကလည်း ပရိသတ်တွေအတွက်ပါပဲ၊ သံပြိုင်သီဆိုအော်ဟစ်မှုတွေကိုမကြားရတာ၊ ပရိသတ်တွေရဲ့ တိုးဝှေ့သွားလာသံတွေကိုမကြားရတဲ့အချိန်မျိုးက ထူးဆန်းနေမှာပါပဲ၊ ပြီးခဲ့တဲ့ရာသီက ခရိုအေးရှားမှာသွားကစားခဲ့ရတဲ့ အဝေးကွင်းပွဲကလည်း ဒီအတိုင်းပါပဲ၊ ပရိသတ်မပါခဲ့လို့ ထူးဆန်းနေခဲ့ပါတယ်၊ ကစားသမားတော်တော်များများလည်း ဒီလိုပဲခံစားနေရတာပါ၊ ဒီလိုမျိုးတော့ မလုပ်ချင်ကြပေမယ့် ဒါက လိုအပ်လို့လုပ်တာဆိုရင်တော့ လုပ်ကိုလုပ်ရမှာပါပဲ" လို့ ဝင့်ခ်က ပြောဆိုခဲ့ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေမရပ်ဆိုင်းခင်မှာဘဲ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့မှာ ကွင်းပိတ်ကစားမှုတွေရှိခဲ့ပါတယ်။ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ကွင်းအတွင်းပရိသတ်တွေရဲ့အသံလွင့်ပျံနေစေမယ့် နည်းလမ်းကို ရှာဖွေနေပြီး မိုချန်ဂလာဘတ်အသင်းစီစဉ်ထားသလို ပရိသတ်တွေရဲ့ ရုပ်ပုံကားချပ်တွေကို ပွဲကြည့်စင်ပေါ်မှာထားရှိဖို့လည်း စဉ်းစားနေကြပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က