ကစားသမားတွေအတွက် ပိုမိုသက်တောင့်သက်သာဖြစ်စေတယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

အာဆင်နယ်ဟာ အင်္ဂါနေ့ (ဒီနေ့) မှာ လက်စတာနဲ့ ကစားရမှာဖြစ်ပြီး ဥရောပဝင်ခွင့်ရရှိဖို့အတွက် အရေးပါတဲ့ပွဲစဉ်လည်းဖြစ်နေပါတယ်။ 


ကွင်းအတွင်းမှာ ပရိသတ်တွေမရှိတာက သူ့ရဲ့အသင်းသားတွေကို ကူညီပေးရာရောက်နေခဲ့တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက လက်စတာနဲ့ ကစားရမယ့် ပွဲစဉ်မတို်င်ခင်မှာ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ အင်္ဂါနေ့ (ဒီနေ့) မှာ လက်စတာနဲ့ ကစားရမှာဖြစ်ပြီး ဥရောပဝင်ခွင့်ရရှိဖို့အတွက် အရေးပါတဲ့ပွဲစဉ်လည်းဖြစ်နေပါတယ်။ 

ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေပြီးတော့ အမှတ်ပေးဇယားအဆင့် ၇ နေရာကို ရောက်ရှိနေခဲ့လို့ အာဆင်နယ်အသင်းဟာ ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်မှုနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွင်းအတွင်းကို ပရိသတ်တွေ ဝင်ရောက်ကြည့်ရှုခွင့်မရတာဟာ ကစားသမားတွေအတွက် ဖိအားကင်းစင်နေတယ်လို့ အာတီတာက ရည်ရွယ်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

"ပရိသတ်ပေါင်း ၈ သောင်းလောက်ရဲ့ အရှေ့မှာ ကစားရတာ အရမ်းခက်ခဲပါတယ်၊ အများအားဖြင့် ဘောလုံးက သူတို့နဲ့ နီးကပ်နေခဲ့ပါတယ်၊ တချို့လူတွေအတွက် နောက်ထပ်တွန်းအားဖြစ်စေမယ့်အရာတွေ၊ ဖိအားတွေ၊ စိတ်ပိုင်းဆိုင်ရာတွေက လိုအပ်ပါတယ်၊ ဒါမှလည်း စွမ်းဆောင်ရည်ကောင်းလာမှာပါ၊ ကစားသမားတိုင်းကတော့ ကွဲပြားခြားနားပါတယ်"

"ဒါပေမယ့် တချို့ကစားသမားတွေက သူတို့တွေလုပ်ခဲ့တာထက် ပိုပြီးတော့မမြန်ဆန်ခဲ့ကြပါဘူး" လို့ အာတီတာက ပြောဆိုခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ အသင်းခြေစွမ်းဆိုးရွားပြီး အရေးနိမ့်နေချိန်တွေမှာ ပရိသတ်တွေရဲ့ ပြစ်တင်သံတွေနဲ့ လှောင်ပြောင်သံတွေက ကစားသမားတွေကို ပိုမိုဆိုးရွားစေတယ်လို့ အာတီတာက ဆိုလိုခဲ့ဖွယ်လည်း ရှိပါတယ်။ 

ဒီအတွက်ကြောင့် ပရိသတ်တွေမရှိဘဲ ကစားရတာက သူ့အသင်းသားတွေအတွက် ကူညီပေးရာရောက်တယ်လို့ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ အာဆင်နယ်ကတော့ သချင်္ာနည်းအရ ချန်ပီယံလိဂ်ဝင်ခွင့်နေရာရရှိဖို့အထိ ဖြစ်နိုင်သေးပေမယ့်လည်း အဆင့်လေးနေရာက ချယ်လ်ဆီးနဲ့ ၈ မှတ်ကွာဟနေပြီး လက်ကျန်ပွဲစဉ်က ငါးပွဲသာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။ 


Author


က္က