စက်တင်ဘာ ၁၂ရက် စပါမယ်။

ဒီနေ့မှာ ၂၀၂၀-၂၁ ပရီးမီးယားလိဂ်ဘောလုံးရာသီရဲ့ ပွဲစဥ်ဇယားကို ထုတ်ပြန်ကြေညာလိုက်သည်နဲ့ တပြိုင်နက် တီဗွီရုပ်သံကနေ ယခင်နှစ်များက ပြသနေသည့် ပွဲအရေအတွက်ထက် ပွဲ၂၀တိုးပြီး ပိုမိုပြသပေးသွားမယ်လို့ ပရီးမီး ယားလိဂ်က တရားဝင် ထပ်လောင်းကြေညာထားကြောင်း Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

ကမ္ဘာနှင့်အဝှမ်းဖြစ်ပေါ်လျက်ရှိတဲ့ ကိုဗစ် ကူးစက်ရောဂါကြောင့် ပရိသတ်တွေအနေနဲ့ ‌အောက်တိုဘာလ အစောပိုင်းလောက်အထိ ကွင်းအတွင်း ဝင်ရောက် အားပေး ကြည့်ရှုခွင့်ရအုံးမှာမဟုတ်တဲ့အတွက် ပရိသတ်တွေ အတွက် နစ်နာကြေးအဖြစ် အခုလို ပွဲအရေအတွက်တိုးပြီး ရုပ်သံက ပြသခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။



ဒါ့အပြင် ကလပ်အသင်းတွေရဲ့ အမြတ်ငွေ ပိုမိုရရှိနိုင်စေဖို့အတွက်လည်း တီဗွီရုပ်သံ မဟုတ်တဲ့ ဝက်ဘ်ဆိုဒ်ကတ ဆင့် ပွဲတွေ တိုက်ရိုက်ပြသခွင့်ကိုလည်း တောင်းဆိုထားတယ်လို့ သိရပါသေးတယ်။ အဆိုပါ ထပ်တိုးမယ့် ပွဲ ၂၀ကိုတော့ Sky Sports က ၁၆ ပွဲ၊ BT Sport က ၆ ပွဲနဲ့ Amazon Primeက ၂ ပွဲ ပြသသွားမယ်လို့လည်း သိရပါတယ်။

ရုပ်သံကပြသမယ့်ပွဲအရေအတွက်နှင့်အတူ စနေ၊တနင်္ဂနွေမဟုတ်ပဲ ကြားရက်တွေမှာ ကစားရမယ့် ပွဲစဥ်တွေကို လည်း ၂ပတ်ထပ်တိုးထားတယ်လို့ ပရီးမီးယားလိဂ်က ထုတ်ပြန်ထားပါသေးတယ်။ ဇန်နဝါရီ ၁၁နဲ့ ၁၈မှာ တစ်ပတ်၊နောက်တစ်ပတ်က မေလ ၁၀ရက်နေ့မှာ စီစဥ်ထားတယ်လို့ သိရပြီး ပွဲအားလုံးကို ရုပ်သံက ပြသမယ်လို့ ဆိုပါတယ်။

ဒီနေ့ ထုတ်ပြန်တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေအရ လာမယ့် စက်တင်ဘာ ၁၂မှာ စတင်မှာ ဖြစ်ပြီး ပဲလေ့စ်-ဆောက်သမ်တန်၊ဖူဟမ်-အာဆင်နယ်၊လီဗာပူး-လိဒ်ယူနိုက်တက်၊စပါး-အဲဗာတန်၊ဝက်ဘရွန်း-လက်စတာ၊ ဝက်စ်ဟမ်း-နယူးကာဆယ်၊၁၄ရက်နေ့မှာ ဘရိုက်တန်-ချဲလ်ဆီး၊ရှက်ဖီး-ဝုလ်တို့ ကစားမှာ ဖြစ်သလို မန်စီးတီး နဲ့ ယူနိုက်တက်အသင်းတို့ကတော့ ဒီနှစ်ဘောလုံးရာသီမှာ ဥရောပပွဲတွေ နောက်ကျပြီးမှ ကစားပြီးတဲ့အတွက် အဖွင့်ပွဲကို ပွဲစဥ် ၂မှ တစ်ပွဲလျော့အနေအထားနဲ့ လိုက်ပါ ကစားရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က