loading...

loading...

loading...

ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အဆင့် ၄၊၅၊၆ အသင်း ၃ သင်း အပြိုင်ဖြစ်နေပါသေးတယ်။
Kyaw Ko Ko Sint

အာဆင်နယ်အသင်းရဲ့ ဂိုးပြတ်အရှုံးကို နှစ်သင်းစလုံးအခွင့်ကောင်း မယူနိုင်ပဲ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့လို့ မူလအဆင့် ၄၊ ၅၊ ၆ နေရာတွေမှာပဲ အစဉ်လိုက် ဆက်လက် ရပ်တည်နေကြရပါတယ်။

ဒီကနေ့ညမှာ အသင်းကြီးတွေ ဖြစ်တဲ့ အာဆင်နယ်၊မန်စီးတီး၊မန်ယူနဲ့ချဲလ်ဆီးတို့ ကစားမယ့် ပွဲတွေ ရှိနေလို့ အမှတ်ပေးဇယား အပြောင်းအလဲ ဖြစ်နိုင်ဖွယ် ရှိတယ်လို့ယူဆခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ ပိုနေမြဲ ကျားနေမြဲကိုသာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲမှာ ကစားခဲ့တဲ့ လက်စတာနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲမှာ အာဆင်နယ် အသင်းက အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။

မန်စီးတီးကတော့ ဘန်လေကို အဝေးကွင်းမှာ ဝ-၁ နဲ့ နိုင်ခဲ့လို့ အဆင့် ၁နေရာကို ယာယီ ရယူထားတဲ့ လီဗာပူး ထံက ပြန်လည်ရယူနိုုင်ခဲ့ပါတယ်။

မန်ယူနဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲကတော့ အာဆင်နယ်အသင်းရဲ့ အရှုံးရလဒ်ကြောင့် အနိုင်ရတဲ့အသင်းအနေနဲ့ ချန်ပီယံ လိဂ် ဝင်ခွင့်တစ်နေရာဖြစ်တဲ့ အဆင့် ၄ အတွက် ပိုမိုအားကောင်းခဲ့မှာ မှန်ပေမယ့်လည်း တစ်ဖက်တစ်ဂိုးစီ သရေရလဒ်သာ ထွက် ပေါ်ခဲ့လို့ နှစ်သင်းစလုံး နစ်နာခဲ့ရတယ်လို့ ဆိုရမှာပါ။

ချဲလ်ဆီးက မူလ ၃၅ ပွဲ ကစားပြီးချိန် ရမှတ် ၆၇ မှတ်နဲ့ အဆင့် ၄၊ အာဆင်နယ်အသင်းက ၆၆ မှတ်နဲ့ အဆင့် ၅ ၊ မန်ယူအသင်းက ၆၄ မှတ်နဲ့ အဆင့် ၆ တို့မှာ အသီးသီးရပ်တည်ခဲ့ကြပေမယ့် အာဆင်နယ်အသင်းက လက်စ တာကို ရှုံးခဲ့လို့ ၆၆ မှတ်နဲ့ မူလအဆင့် ၅ မှာပဲ ရပ်တည်နေခဲ့ပါတယ်။

ဒီအချိန်မှာ မန်ယူ - ချဲလ်ဆီး တွေ့ဆုံမှုက ချဲလ်ဆီးအသင်းက အနိုင်ရလိုက်ရင် အဆင့် ၅နဲ့၆ က အာဆင်နယ်နဲ့ မန်ယူကို အမှတ်ပိုမိုဖြတ်ကာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပိုမို သေချာစေမှာ ဖြစ်ပါတယ်။ မန်ယူကလည်း အိမ်ကွင်းမှာ ချဲလ်ဆီးကို အနိုင်ကစားနိုင်ခဲ့ရင် ရမှတ် ၆၇ မှတ်အထိ ရပြီး ချဲလ်ဆီးနဲ့ ရမှတ်တူ၊အာဆင်နယ်အသင်းထက် တစ်မှတ်အသာနဲ့ အဆင့် ၅ နေရာမှာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ချဲလ်ဆီးကို ထပ်ကြပ်မကွာ ဖိအားပေးနိုင်တော့မှာပါ။

ဒါပေမယ့်လည်း ကိုယ်စီ အားသာချက်တွေကို အသုံးမချနိုင်ခဲ့ကြတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ အ ဝေးကွင်းမှာ လက်စတာကို ဂိုးပြတ်ရှုံးခဲ့ရပေမယ့်လည်း ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ဆက်လက် တိုက်ပွဲဝင် အားကောင်းနေဆဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ လာမယ့် အပတ်မှာတော့ ချဲလ်ဆီးက ဝက်ဖို့ဒ်၊ မန်ယူက ဟတ်ဒါဖီးလ်၊အာဆင်နယ်က ဘရိုက်တန်အသင်းတွေ နဲ့ အသီးသီး ဆက်လက်ကစားရမှာ ဖြစ်ပါတယ်။


loading...

က္က