ဇွန်လကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။
Pyae Phyo Thein

ဟန်ဒါဆန်ကတော့ ရှက်ဖီးအတွက် ပြီးခဲ့တဲ့ရာသီကတည်းက ကစားပေးနေခဲ့တာဖြစ်ပြီး စုစုပေါင်း ၇၆ ပွဲကစားပေးခဲ့ရာမှာ ၃၂ပွဲအထိ ပေးဂိုးမရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။


ယူနိုက်တက်အသင်းဟာ ရှက်ဖီးကိုအငှားချထားတဲ့ ဂိုးသမားဒင်းဟန်ဒါဆန်ကို ရာသီကုန်တဲ့အထိ ဆက်လက်အငှားချထားဖို့ ခွင့်ပြုသွားဖွယ်ရှိနေပါတယ်။ ဇွန်လကုန်မှာ ဟန်ဒါဆန်နဲ့ ရှက်ဖီးတို့ရဲ့စာချုပ်က ကုန်ဆုံးတော့မှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်ပွဲတွေကတော့ သြဂုတ်လအထိ ဆက်လက်ကစားရဖွယ်ရှိနေပြီး ယူနိုက်တက်က ခွင့်ပြုပေးဖို့စဉ်းစားနေတာဖြစ်ပါတယ်။

ဟန်ဒါဆန်ကတော့ ရှက်ဖီးအတွက် ပြီးခဲ့တဲ့ရာသီကတည်းက ကစားပေးနေခဲ့တာဖြစ်ပြီး စုစုပေါင်း ၇၆ ပွဲကစားပေးခဲ့ရာမှာ ၃၂ပွဲအထိ ပေးဂိုးမရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ရှက်ဖီးဟ ဥရောပဝင်ခွင့်နေရာအတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့အသင်းတွေ ဖြစ်ပေမယ့်လည်း အိုးထရက်ဖို့ဒ်ကလပ်ဘက်ကတော့ ပြိုင်ဘက်အသင်းအတွက် သူတို့ကစားသမားကို ဆက်ကစားစေမှာဖြစ်ပါတယ်။ 

ဒါကြောင့် ဟန်ဒါဆန်ဟာ လက်ကျန်ရာသီပွဲတွေကုန်ဆုံးတဲ့အထိ ရှက်ဖီးမှာ ကစားရမှာဖြစ်ပြီး ယူနိုက်တက်နဲ့ကစားရမယ့်အဝေးကွင်းပွဲစဉ်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ရှက်ဖီးကိုတန်းတက်လာအောင် ကူညီပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ထင်မှတ်မထားတဲ့နေရာတစ်ခုကိုရောက်ရှိနေအောင် ဟန်ဒါဆန်က အဓိကနေရာကနေ လက်စွမ်းပြနေခဲ့ပါတယ်။ 

တစ်ဖက်မှာတော့ ယူနိုက်တက်ဟာ ရှန်ဟိုင်းရှန်ဟွာကနေအငှားခေါ်ယူထားတဲ့ တိုက်စစ်မှူးအီဂါလိုကို ဆက်လက်ခေါ်ယူနိုင်ဖို့အတွက် အခက်အခဲတွေရှိနေခဲ့ပါတယ်။ ဒီအဖြစ်နဲ့ နှိုင်းယှဉ်ကာ ယူနိုက်တက်ဘက်က ဟန်ဒါဆန်ကို ခွင့်ပြုပေးဖို့စဉ်းစားနေတာဖြစ်နိုင်တယ်လို့ယူဆမှုတွေလည်း ရှိနေပြီး စကော့တလန်ကလပ် Hearts ၊ အင်္ဂလန်အောက်တန်းလိဂ်က ဘော်လ်တန်၊ ဘာတန်အသင်းတွေမှာ အငှားချထားတဲ့ကစားသမားတွေအတွက်လည်း ပေးချေဖို့ကျန်တဲ့ အငှားငွေတွေကိုမပေးဖို့ ယူနိုက်တက်က အကြောင်းကြားခဲ့ပြီးဖြစ်ပါတယ်။ 



Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က