loading...

loading...

loading...

မန်စီးတီး-အာဆင်နယ်တို့အနေနဲ့ ပွဲစဉ် ၂၈မှာ ထိပ်တိုက်တွေ့ရင်ဆိုင်ရမှာပါ။
Win Kyaw Min

နည်းပြအာတီတာအနေနဲ့ မန်စီးတီးအသင်းလက်ထောက်နည်းပြအဖြစ်ကနေ အာဆင်နယ်အသင်း နည်းပြချုပ်ဖြစ်လာခဲ့တာပါ။

မန်စီးတီးနည်းပြဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး အောင်မြင်မှုများရရှိခဲ့ဖူးတဲ့ အာဆင်နယ်နည်းပြအာတီတာအနေနဲ့ လက်ရှိမှာ ပြိုင်ဘက်တွေဖြစ်နေခဲ့ပေမယ့် အပြန်အလှန်အကြံ ဉာဏ်ဖလှယ်မှုတွေပြုလုပ်နေဆဲဖြစ်တယ်လို့ thesun က ဖော်ပြလာပါတယ်။

အာတီတာအနေနဲ့ ၂၀၁၆ ခုနှစ်တွင် အာဆင်နယ်အသင်း နဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးတဲ့အချိန် ကစားသမားဘဝကနေ အနားယူခဲ့ပြီးတဲ့နောက် မန်စီးတီးနည်းပြသစ်ဖြစ်လာတဲ့ ဂွါဒီယိုလာရဲ့လက် ထောက်ရာထူးကို လက်ခံခဲ့ကာ နည်းပြလောကသို့ ခြေချခဲ့သူလည်းဖြစ်ပါတယ်။



“ အရိုးသားဆုံးဝန်ခံပါတယ်။ ဂွါဒီယိုလာနဲ့လက်တွဲခဲ့ရတဲ့အချိန်တွေကို အမြဲအမှတ်ရနေမိပါတယ်။ န ည်းပြဘဝရဲ့ အဖိုးမဖြတ်နိုင်တဲ့ မိတ်ဆွေကောင်းတစ်ဦးပါ။ ဘောလုံးနဲ့ပတ်သက်တဲ့အမြင်တွေသာမ က ဘဝရဲ့အကြောင်းအရာအချို့ကို ဒီကနေ့အထိ တိုင်ပင်ဆွေးနွေးနေဆဲပါပဲ ” လို့ အာတီတာကထု တ်ဖော်ပြောဆိုလိုက်တာပါ။

အာဆင်နယ်အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီးနောက်ပိုင်းအထိ နည်းပြအာတီတာအနေနဲ့ နည်းစနစ်ပိုင်း အချို့အတွက် စီနီယာနည်းပြဖြစ်တဲ့ ဂွါဒီယိုလာဆီကနေ အကြံဉာဏ်အချို့တောင်းဆိုခဲ့တာဖြစ်ပြီးလ က်ရှိအချိန်အထိလည်း ထိုက်သင့်သလောက်အကူအညီရယူမှုများရှိနေခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာအနေနဲ့ အသင်းရဲ့အောင်မြင်မှုများက အာတီတာရဲ့ အတွေ့အကြုံပိုင်းတွေ ကြောင့်ဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး အာဆင်နယ်အသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ချိန်မှာလည်း မန်စီး တီးအသင်းကနေ ထွက်ခွာခွင့်ပေးခဲ့သူလည်းဖြစ်ပါတယ်။


loading...

က္က