ဝီလျံနဲ့ပက်ဒရိုတို့ကိုတော့ ဆက်လက်ညှိနှိုင်းနေဆဲပါ။
Win Kyaw Min

၀ါရင့်ကစားသမားတွေနေရာမှာ လူငယ်အချို့နဲ့အစားထိုးဖို့ ရည်ရွယ်ခဲ့ပေမယ့် နည်းပြလမ်းပတ်ကတော့ သက် တမ်းတိုးစာချုပ်,ချုပ်ဆိုဖို့ အသင်းတာဝန်ရှိသူတွေထံ တောင်းဆိုခဲ့တာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ ၀ါရင့်ကစားသမားနှစ်ဦးဖြစ်တဲ့ တိုက်စစ်မှူးဂီရော့ဒ်နဲ့ ဒုတိယဦးစားပေးဂိုးသမား ကာဘ ယ်လီယိုတို့ကို ဆက်ရှိနေစေဖို့အတွက် ၂၀၂၀-၂၁ ဘောလုံးရာသီကုန်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက် ပြီဖြစ်ကြောင်း အတည်ပြုသတင်းထုတ်ပြန်ချက်ကို dailymail က ဖော်ပြလာပါတယ်။

အစောပိုင်းသတင်းထွက်ပေါ်မှုတွင် ဂီရော့ဒ်ကို အသင်းပြောင်းရွှေ့ခွင့်ပေးဖို့ရှိနေသလို ၀ါရင့်ဂိုးသမားကာဘယ် လီယိုကိုလည်း သက်တမ်းတိုးစာချုပ်,ချုပ်ဆိုဖို့မရှိဘူးလို့ သတင်းဖော်ပြမှုများရှိခဲ့ပေမယ့် လက်ရှိမှာတော့တစ်နှစ် သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။



၂၀၁၉-၂၀ ဘောလုံးရာသီကုန်ဆုံးချိန်တွင် အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကစားသမား ၄ဦးအထိရှိနေ ခဲ့ပြီး ကစားသမားအားလုံးကို သက်တမ်းတိုးမယ်လို့ နည်းပြလမ်းပတ်က အတည်ပြုခဲ့ပြီးနောက် ဂီရော့ဒ်နဲ့ကာ ဘယ်လီယိုတို့ကို ပထမအဆင့်အနေနဲ့ သက်တမ်းတိုးခဲ့တာပါ။

နည်းပြလမ်းပတ်ကတော့ ရာသီလက်ကျန်ပွဲစဉ်များအပြင် လာမယ့်ရာသီသစ်အတွက်ပါ ရည်ရွယ်ပြီး ကစားသ မားသစ်ခေါ်ယူဖို့တောင်းဆိုထားသလို၀ါရင့်ကစားသမားအားလုံးကို လည်းအ သင်းအတွက်ဆက်လက်ကိုယ်စား ပြုကစားပေးဖို့ တောင်းဆိုထားတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။

အခြားဝါရင့်တောင်ပံကစားသမားနှစ်ဦးဖြစ်တဲ့ ဝီလျံနဲ့ပက်ဒရိုတို့ကိုလည်း သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ညှိနှိုင်း မှုတွေပြုလုပ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ သတင်းတွေအရ ပက်ဒရိုနဲ့အကြား အဆင်ပြေနိုင်ပေမယ့် ၃ နှစ်သက်တမ်းတိုးလိုနေတဲ့ ဝီလျံနဲ့ ၂နှစ်ပဲစာချုပ်ချုပ်လိုတဲ့ ချဲလ်ဆီးတို့အကြား အခက်အခဲအချို့ရှိနေဆဲဖြစ်တ ယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေပါတယ်။


Author

  • Win Kyaw Min

က္က