နည်းပြ၊ ကစားသမားအင်တာဗျုးတွေကို တင်ဆက်ဖို့ရှိနေတာပါ။
Win Kyaw Min

လက်ကျန်ရာသီသိမ်းပွဲစဉ်တွေမှာ ပရိသတ်စိတ်ဝင်စားမှုရဖို့အတွက်အဓိကရည်ရွယ်လုပ်ဆောင်ခဲ့တာလည်းဖြစ် ပါတယ်။

မကြာမီပြန်လည်စတင်တော့မယ့် ၂၀၁၉-၂၀ ဘောလုံးရာသီပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေကို ရုပ်သံကနေ သာ ကြည့်ရှု့ခွင့်ရမယ့် ပရိသတ်တွေအတွက် အဝတ်အစားလဲခန်းအတွင်းက အင်တာဗျူးအစီအစဉ်တွေကိုပါထု တ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ အတည်ပြုကြေညာချက်ကို thesun က ဖော်ပြလာပါတယ်။

ရံပုံငွေဘောလုံးပွဲစဉ်တွေမှာသာ အဝတ်အစားလဲခန်းအတွင်း အဖြစ်အပျက်၊ အပြုအမူတွေကိုသာ အများစုသိရှိ ခွင့်ရရှိလေ့ရှိပေမယ့် လက်ရှိအချိန်မှာတော့ အက်ဖ်အေရဲ့ စီစဉ်မှုအရအဝတ်အစားလဲခန်းအတွင်းရုပ်သံရို်က်ကူး ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။



ပထမပိုင်းအပြီး ထုတ်လွှင့်မည့် ရုပ်သံအစီအစဉ်တွင် ကစားသမားအဝတ်အစားလဲခန်းအတွင်း ပုံရိပ်များအပြင် ကစားသမားများ၊ နည်းပြများရဲ့ တဒင်္ဂမှတ်ချက်ပြုပြောဆိုချက်များကို မြင်တွေ့ရမှာဖြစ်တယ်လို့လည်း သတင်း ဖော်ပြမှုတွေအရ သိရပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကို ကွင်းပိတ်ကစားဖို့သဘောတူညီထားပြီးဖြစ်ပေမယ့် အိမ်ကွင်းအဝေးကွ င်းစနစ်ထက် ရွေးချယ်သတ်မှတ်ထားတဲ့ ကွင်းတွေမှာသာ ယှဉ်ပြိုင်ကစားကြဖို့အတွက် ညှိနှိုင်းမှုအချိုု့ပြုလုပ်နေ တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေပါတယ်။

အစဉ်အလာတွေအရ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ပထမပိုင်းအပြီး ကွင်းအတွင်းပြန်ဝင်လာတဲ့ ကစားသမား၊နည်းပြ များကိုအဝတ်အစားလဲခန်းသွားရာ လျှောက်လမ်းတွင်အင်တာဗျူးအစီအစဉ်များရိုက်ကူးတင်ဆင်လေ့ရှိသော် လည်း အဝတ်အစားလဲခန်းအတွင်း ရိုက်ကူးမယ့် အင်တာဗျူးအစီအစဉ်ကိုတော့ ပရီးမီးယားလိဂ်ကပထမဦးဆုံး ဖြစ်လာမှာလည်းဖြစ်ပါတယ်။


Author

  • Win Kyaw Min

က္က