loading...

loading...

loading...

ပထမပိုင်း ၄၅ မိနစ်ကိုမေ့ပြီး ပွဲအသစ်အဖြစ် မြင်ဖို့ ကြိုးစားခဲ့တာပါ။
Kg Htet

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ ဝုဗ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ပထမပိုင်းအပြီးမှာ ကစားသမားတွေကို ပထမပိုင်း ၄၅ မိနစ်ကို မေ့ထားဖို့ ပြောကြားခဲ့ပြီး ဒုတိယပိုင်းမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ထိပ်ဆုံးလေးနေရာ မျှော်လင့်ချက်ဟာ ရူဘန်နီဗက်စ်၊ မတ်ဒိုဟာတီ၊ ဂျိုတာတို့ရဲ့ သွင်းဂိုးတွေနဲ့ ဝုဗ်အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် မှေးမှိန်သွားခဲ့ပြီဖြစ်ပါတယ်။ အမ်မရီဟာ အဝတ်လဲခန်းအတွင်း ပြောဆိုမှုအပြီးမှာ ကစားသမားတွေရဲ့တုံ့ပြန်ပုံကို ကျေနပ်နေပြီး ဆိုခရေးတစ်က မိနစ် ၈၀ မှာ နောက်ကျချေပဂိုးတစ်ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။

“အဝတ်လဲခန်းအတွင်းမှာ ကျွန်တော်တို့ ဘယ်လို ပြန်ပြီး ပြန်ကောင်းမွန်လာအောင်လုပ်ဖို့ လိုအပ်လဲဆိုတာ ပြောကြားခဲ့ပါတယ်”

“ကျွန်တော်တို့ အစီအစဉ်အတိုင်း ရှေ့ဆက်နိုင်မယ်ဆိုရင် ဂိုးတစ်ဂိုးသွင်းဖို့က ပထမဆုံးအတွေးဖြစ်ပါတယ်။ ဒုတိယပိုင်းက ကွဲပြားခြားနားခဲ့ပါတယ်။ ဒါပေမယ့် မလုံလောက်ခဲ့ပါဘူး”

“ကျွန်တော်တို့ ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ စကားပြောခဲ့ပြီး ဒီပွဲကို ပွဲအသစ်အဖြစ် မြင်ကြည့်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ကို ပြောင်းလဲနိုင်ခဲ့ပြီး တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်”

“ကျွန်တော်တို့ စိတ်ပျက်နိုင်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ဆိုတာ ၃၈ ပွဲကျော် ခြေစွမ်းတည်ငြိမ်ရမယ့်ပြိုင်ပွဲတစ်ခုပါ”

“ပွဲမတိုင်ခင်ကတည်းက ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ရာသီလုံး ဝုဗ်အသင်းဟာ အရမ်းတောင့်တင်းတယ်လို့ ခံစားခဲ့ရလို့ပါ။ ခံစစ်ပိုင်း ကောင်းမွန်တဲ့အသင်းဖြစ်ပြီး တိုက်စစ်မှာလည်း အရမ်းလျင်မြန်တဲ့ကစားသမားတွေ သူတို့မှာ ရှိပါတယ်။ သူတို့ရဲ့ အဖွဲ့အစည်းက အရမ်းကို ကောင်းမွန်ပြီး အဲဒါကို ချိုးဖျက်ဖို့က အရမ်းခက်ခဲမှာပါ”

“ပထမပိုင်း ၂၅ မိနစ်မှာ ကျွန်တော်တို့ ကောင်းကောင်းစတင်နိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကိုလည်း ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ဂိုးသွင်းဖို့အတွက်တော့ အခွင့်အရေးအများကြီး မရှိခဲ့ပါဘူး”လို့ BBC Sport ကို ပြောကြားခဲ့ပါတယ်။


loading...

က္က