မိနစ် ၈၀ မှာ လူစားဝင်ကစားခဲ့ပြီး ပင်နယ်တီလွဲချော်ခဲ့တာပါ။

ချယ်ဆီးကြယ်ပွင့် ဝီလီယံဟာ ယမန်နေ့က ဗလင်စီယာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ အရေးကြီးတဲ့ပင်နယ်တီပြစ်ဒဏ်ဘောကို ကန်သွင်းဖို့ ဘာကလေကို တောင်းဆိုခဲ့တယ်လို့ အတည်ပြုပြောကြားခဲ့ကြောင်း Sportskeeda ရဲ့သတင်းအရ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့် ရော့စ်ဘာကလေဟာ ၈၇ မိနစ်မှာ ရရှိခဲ့တဲ့ပင်နယ်တီပြစ်ဒဏ်ဘောကို ကန်သွင်းယူခဲ့ရာမှာ တိုင်ထိပြီး လွဲချော်သွားခဲ့တာကြောင့် ချယ်ဆီးအသင်းဟာ အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ဂျ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ရော့စ်ဘာကလေဟာ ပင်နယ်တီမလွဲချော်မီ ၇ မိနစ်အလိုမှာ အရန်ခုံကနေ ကိုဗာဆစ်နေရာမှာ အစားဝင်ကစားပေးခဲ့သူဖြစ်ပြီး ဝီလီယံ၊ ဂျော်ဂျင်ဟိုတို့နဲ့ ပြောဆိုပြီးနောက်မှာ ပင်နယ်တီကို ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ နောက်ပိုင်းမှာ ရော့စ်ဘာကလေကို ပင်နယ်တီကန်သွင်းဖို့အတွက် သတ်မှတ်ထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ဝီလီယံက ပင်နယ်တီကန်သွင်းခွင့်ကို ရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။



“သူက ပင်နယ်တီကန်သွင်းဖို့ကို ယုံကြည်ချက်ရှိနေပြီး ကျွန်တော်လည်း ပင်နယ်တီကန်ချင်နေတယ်ဆိုတာ သူ့ကို ပြောခဲ့ပါတယ်”

“ဒါပေမယ့် သူက ယုံကြည်ချက်ရှိနေပါတယ်။ သူ ပင်နယ်တီကန်တာ လွဲချော်သွားခဲ့တယ်။ ဒါက ကျွန်တော်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တခြားကစားသမားတွေလည်း ဖြစ်နိုင်တဲ့ဟာပါ”

“သူ ဘယ်သူပြောတာမှ ဂရုမစိုက်ဘဲ ဆက်လုပ်နေဖို့အရေးကြီးတယ်။ ခင်ဗျား အနိုင်ရရှိတဲ့အခါမှာ အတူတူ အနိုင်ရမှာဖြစ်ပြီး ရှုံးတဲ့အခါမှာ အတူတူရှုံးနိမ့်မှာပဲ”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။



က္က