ဟန်ဒါဆင်၊ ဆာလက်ဒ်တို့ရဲ့ ဂိုးတွေနဲ့အတူ လီဗာပူးတို့ အနိုင်ရရှိခဲ့တာပါ။

စပါးအသင်းကို အနိုင်ရရှိခဲ့တဲ့အတွက် လီဗာပူးအသင်းအနေနဲ့ မန်စီးတီးအသင်းကို ၆မှတ်အထိဆက်ပြီး ဖြတ်ထားနိုင်ခဲ့ပါတယ်။

ဆာလက်ဒ်၊ ဖာမီနို၊ မာနေးလ်တို့ ၃ဦးလုံးပါဝင်လာတဲ့ လီဗာပူးတိုက်စစ်အကောင်းဆုံးပုံစံရှိနေခဲ့ပြီး ဖာဘင်ဟို၊ ဟန်ဒါဆင်တွဲလုံးတွေနဲ့အတူ ဧည်သည့်အသင်းအတွက် ဖိအားဖြစ်စေဖို့ပြင်ဆင်လာခဲ့ပါတယ်။ ၄-၂-၃-၁ ကစား ကွက်အခြေခံမှာ ဟာရီကိန်းတစ်ဦးတည်းကိုအထောင်ထားထားတဲ့ စပါးအသင်းရဲ့လူစာရင်းမှာလည်း ဆွန်ဟော င်မင်၊ အဲရစ်ဆင်၊ အလီတို့နဲ့အတူ လူစုံပါဝင်လာခဲ့တာပါ။

ပွဲချိန်အစောပိုင်းမှာ အထနှေးနေတဲ့ လီဗာပူးအသင်းရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီးပွဲစစချင်း၁မိနစ်မှာ  တင် စပါးတို့ ဦးဆောင်ဂိုးရယူသွားခဲ့ပါတယ်။ ဆွန်ဟောင်မင်ကန်သွင်းချက် ရော်ဘင်ဆင်နဲ့ထိပြီး တိုင်ထိထွက် လာရာကို ၁၀ကိုက်အတွင်း လူကပ်ခံထားရခြင်းမရှိတဲ့ အသင်းခေါင်းဆောင်ဟာရီကိန်းက ခေါင်းတိုက်သွင်းယူ ကာ ဂိုးအဖြစ်ပြောင်းလဲပေးခဲ့တာလည်းဖြစ်ပါတယ်။

ဂိုးပေးလိုက်ရပြီးတဲ့နောက် ဖိအားဝင်သွားတဲ့ လီဗာပူးအသင်းအနေနဲ့ စပါးအသင်းဘက်ကိုတိုက်စစ်အသားပေး ကစားလာခဲ့ပြီး ချေပဂိုးရဖို့အတွက် တိုက်စစ်ဖွင့်ကစားခဲ့ပါတယ်။ ဗန်ဒိုက်ချ်၊ မာနေးလ်၊ ဟန်ဒါဆင်တို့အပိုင်အခွ င့်အရေးတွေရရှိခဲ့ပေမယ့် စပါးနောက်တန်းနဲ့ ဂိုးသမားဂါဇာနီဂါရဲ့အံအားသင့်ဖွယ်လက်စွမ်းပြကာကွယ်နိုင်မှုတွေ  ကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။



ဒုတိယပိုင်းမှာတော့ ချေပဂိုးရဖို့အတွက် အားစိုက်လာတဲ့ လီဗာပူးရဲ့ တိုက်စစ်အရှိန်ကို စပါးနောက်တန်းကစား သမားတွေအသည်းအသန်ဖျက်ထုတ်ခဲ့ရသလို ဖိအားအချို့ရင်ဆိုင်လာခဲ့ရတယ်လို့ ဆိုရမှာပါ။ ဆွန်ဟောင်မင် ရဲ့ အပိုင်ကန်သွင်းချက် ဂိုးရလုနီးပါးဖြစ်ပေမယ့် တိုင်ထိထွက်ခဲ့လို့ စပါးအသင်း ဒုတိယမြောက်ဦးဆောင်ဂိုးရရှိမ ယ့် အခြေအနေကို လက်လွှတ်ခဲ့ရပါတယ်။

ဆန်းချက်ဇ်၊ အယ်လ်ဒါဝီးတို့ဦးဆောင်တဲ့ စပါးနောက်တန်းအမှားများလာခဲ့တဲ့အပေါ် လီဗာပူးတို့အခွင့်ကောင်း ယူနိုင်ခဲ့ပြီး ပွဲချိန် ၅၂မိနစ်မှာ လီဗာပူးအသင်းခေါင်းဆောင်ဟန်ဒါဆင်က အဖိုးတန်ချေပဂိုးအဖြစ်အမှားအယွင်းမ ရှိပြောင်းလဲပေးနိုင်ခဲ့လို့ ၁-၁ ရလဒ်ဖြစ်လာခဲ့ပါတယ်။

ဂိုးပေးလိုက်ရပေမယ့် စပါးအသင်းရဲ့ခြေစွမ်းက ပထမပိုင်းတုန်းက ပုံစံအတိုင်းရှိနေခဲ့ပြီး လီဗာပူးအသင်းကသာပွဲ ကို ဆက်လက်ဦးဆောင်နိုင်ခြင်းနဲ့အတူ မာနေးလ်၊ ဆာလက်ဒ်တို့ရဲ့ ထိုးဖောက်မှုတွေကို စပါးဂိုးသမားဂါဇာနီဂါ က အကောင်းဆုံးကာကွယ်ဖျက်ထုတ်မှုများပြုလုပ်နိုင်ခဲ့တဲ့အတွက် အိမ်ရှင်အသင်းဦးဆောင်ဂိုးရဖို့အခက်အခဲေ တွရှိနေခဲ့တာပါ။

 

စပါးအသင်းအနေနဲ့ တန်ပြန်တိုက်စစ်ကို ဦးစားပေးကစားခဲ့ပေမယ့် တရစပ်တိုက်စစ်ဆင်နေတဲ့ လီဗာပူးကိုခက် ခက်ခဲခဲထိန်းချုပ်ခဲ့ရပြီး မာနေးလ်ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တဲ့ အူရီယာရဲ့ကစားပုံကြောင့် ရရှိခဲ့တဲ့ပင်နယ်တီ ကို ဆာလက်ဒ်က ဂိုးအဖြစ်ပြောင်းလဲခဲ့ပြီးတဲ့နောက်ပိုင်း ပွဲရလဒ်က ပြောင်းပြန်ဖြစ်လာခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ ချေပဂိုးရဖို့ပိုပြီးအားစိုက်လာတဲ့ စပါးနဲ့ တိုက်စစ်ကစားအားမချတဲ့ လီဗာပူးတို့ကြောင့်နှစ် သင်းတိုက်စစ်အားပြိုင်မှုဆက်လက်ကြီးထွားခဲ့ပြီး လူးကပ်စ်မိုရာဝင်လာတဲ့ စပါးတိုက်စစ်ကလည်း လီဗာပူးနော က်တန်းကို ဖိအားပေးမှုအချို့ပြုလုပ်လာနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပွဲပြီးဆုံးချိန်အထိ လီဗာပူးနောက်တန်းအမှားအယွင်းမရှိခဲ့သလို စပါးတိုက်စစ်မှူးတွေလည်း အခွင့်အရေး ကိုအသုံးမချနိုင်ခဲ့တဲ့အတွက် ပွဲအပြီးမှာ လီဗာပူးတို့ ၂-၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုအတွက် အကောင်းဆုံးအ ခြေအနေတစ်ရပ်ကို ထပ်မံဖန်တီးရယူသွားနိုင်ခဲ့ပါတယ်။



က္က