ပင်နယ်တီကတဆင့် ၈ဂိုးအထိသွင်းယူထားနိုင်သူပါ။

ဘရူနိုကို ဝေဖန်သူတွေထဲမှာ မော်ရင်ဟိုလည်း ပါဝင်ခဲ့ပေမယ့် ဘရူနိုကတော့ မော်ရင်ဟိုရဲ့ပြောစကားနဲ့ ပတ်သက်ပြီး ဘာမှ မခံစားရဘူးလို့ ပြောခဲ့ပါတယ်။

ပင်နယ်တီပဲ သွင်းတတ်သူလို့ ဝေဖန်မှုတွေပြုလုပ်နေတဲ့သူတွေရော ကီဗင် ဒီဘရိုင်းနဲ့ နှိုင်းယှဥ်နေသူတွေကို ရော မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုင်က ပြန်လည်တုံ့ပြန်ပြောလာခဲ့ပါတယ်။



ဝေဖန်ခဲ့သူတွေထဲမှာ စပါးအသင်းရဲ့ နည်းပြ ‌မော်ရင်ဟိုလည်း ပါဝင်နေပြီး မော်ရင်ဟိုရဲ့ ပြောစကားအပေါ်မှာ တော့ စိတ်မကောင်းမဖြစ်ဘူးလို့လည်း ဘရူနိုက ဆိုပါတယ်။

“ဘရူနိုအနေနဲ့ ယူနိုက်တက်ကိုရောက်ပြီး အမြန်ဆုံး တစ်သားတည်းဖြစ်သွားပါတယ်။ အသင်းလည်း တိုးတက် လာသလို သူလည်းပင်နယ်တီကန်သွင်းမှု အကောင်းဆုံးသူတစ်ဦးဖြစ်လာပါတယ်။ဘာလို့ဆို ပင်နယ်တီကနေ သူ ၂၀နီးပါးလောက် ရထားခဲ့လိုပါ။”လို့ မော်ရင်ဟိုက ပြောဆိုခဲ့တာပါ။

ယူနိုက်တက်အသင်းကလည်း မနှစ်က ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ပင်နယ်တီ ၁၄လုံးအထိ ကန်သွင်းခွင့်ရခဲ့ပြီး အဲ့ဒီ ထဲကမှ ရှုံးထွက်ပြိုင်ပွဲ ၈ပွဲအထိ ပင်နယ်တီကြောင့် အနိုင်ယူခဲ့ပါသေးတယ်။

ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး - “အရိုးသားဆုံးပြောရရင် ကျွန်တော် ဘာမှ မဖြစ်ပါဘူး၊ကျွန်တော့်ကိုယ်ကျွန်တော် ပင်နယ်တီ အကောင်းဆုံးသွင်းယူနိုင်သူလို့ ထင်ရုံကလွဲ ဘာမှ မဖြစ်ပါဘူး။မော်ရင်ဟိုပြောတဲ့ စကားထဲက ကျွန်တော် ဘာရမလဲ ကျွန်တော်က အကောင်းမြင်တတ်တဲ့သူပါ၊ဒါကြောင့် သူပြောတဲ့ ပင်နယ်တီဆို အကောင်းဆုံး ကန်သွင်းနိုင်သူဆိုတာကလွဲ ဘာမှ မခံစားရပါဘူး။”လို့ ဘရူနိုကA Bola သတင်းဌာနကို  ပြော ခဲ့ပါတယ်။

ဘရူနိုအနေနဲ့ ယူနိုက်တက်အတွက် ၁၂ဂိုးသွင်းယူနိုင်ခဲ့ရာမှာ ၈ဂိုးက ၁၂ကိုက်ကနေ ကန်သွင်းရတဲ့ ပင်နယ်တီပြစ် ဒဏ်ဘောကတဆင့် သွင်းယူပေးခဲ့တာပါ။

“တချို့သူတွေကလည်း ကျွန်တော့်ကို ပင်နယ်တီပဲ သွင်းတတ်တဲ့သူလို့ သမုတ်နေကြတာသိပါတယ်။ပြောချင်တာ က ကျွန်တော်မန်ချက်စတာ ရောက်ချိန်ကစပြီး သွင်းဂိုးစာရင်းမှာ ကျွန်တော့်ထက် သာတာ ဒီဘရိုင်းပဲရှိပါတယ်။ မန်ချက်စတာကို ကျွန်‌တော်ရောက်ကတည်းက လက်တွေ့ကတော့ ဒါပါပဲ။”လို့ ဘရူနိုက် ပြန်လည်တုံ့ပြန် လိုက်ပါတယ်။

အသက် ၂၅နှစ်အရွယ် ဘရူနိုက်တော့ ယူနိုက်တက်ကို ရောက်ချိန်ကစပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ စွမ်းဆောင်ပေးနိုင်ခဲ့သလို အသင်းနှင့်အတူ ဆီမီးဖိုင်နယ်အဆင့်ကို ပြိုင်ပွဲ ၃ရပ်မှာ တက်လှမ်းနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က